

အန်ဖီးကွင်းရှေ့မှာ မိုဆာလာနဲ့ ဗန်ဒိုက်တို့ရဲ့ ရုပ်ပုံတွေကို အသစ်တပ်ဆင်ခဲ့တာဟာ စာချုပ်သစ်ကြောင့် မဟုတ်ဘဲ လီဗာပူးအသင်းရဲ့ လိုဂိုနဲ့ စာလုံးဖောင့်ပုံစံ အပြောင်းအလဲကြောင့်ဖြစ်ပါတယ်။
ဒီရာသီ လီဗာပူးအသင်းဟာ မန်စီးတီး ရမှတ် ၁၀၀ ဖြင့် ဖလားရခဲ့သလို မလုပ်နိုင်တော့ကြောင်းဖြင့် ပရီးမီးယားလိဂ်ရဲ့ ပိုပြီး ခက်ခဲလာမှုကို ဂွာဒီယိုလာက ဖော်ထုတ်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီပွဲက စိတ်ပျက်စရာ ရလဒ်ကို ကျော်လွှားပြီး ပိုအရေးကြီးလာတဲ့ ပွဲစဉ်တွေကို အာရုံစိုက် ယှဉ်ပြိုင်ရပါမယ်လို့ ဗန်ဒိုက်က ပြောဆိုပါတယ်။
နယူးကာဆယ်အသင်းဟာ ၎င်းတို့အသင်း တိုက်စစ်မှူး အီဆက်ကို ခေါ်ယူလိုမယ့် ကလပ်တွေအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ ထိ တောင်းဆိုမှာ ဖြစ်ပါတယ်။
အာနယ် ဆလော့က သူဟာ ဒီရာသီ ပွဲချိန် အများအပြားမှာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပေမယ့် အဲဗာတန်ပွဲမှာ အဲ့လို မလုပ်နိုင်ခဲ့သလို ပွဲအပြီးမှာလည်း ဒေါသစိတ်တွေ ပွင့်ထွက်ခဲ့မိတယ်လို့ ထုတ်ပြောပါတယ်။
လီဗာပူးဘောလုံးသမိုင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ရတာဟာ ပျော်ရွှင်စရာဖြစ်ပါတယ်လို့ ခံစစ်မှူးအီဘူးက ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဘယ်အစွန်လူသစ် ခေါ်ယူရေးအတွက် ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ နှစ်ဦးထဲက တစ်ဦးကို ရောင်းချနိုင်ရေး ကြိုးစားရမှာဖြစ်ပါတယ်။
ဘယ်အစွန်နေရာအတွက် လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းမှ မီလိုစ့်ကာ့ဇ်ကို အလေးအနက် စိတ်ဝင်စားလာတယ်လို့ မာဆေးဆိုဒ် သတင်းထောက် Ian Doyle ကိုယ်တိုင် ဖော်ပြလာပါပြီ။
ဒီနွေမှာ တိုက်စစ်၊ ကွင်းလယ်၊ ဘယ်အစွန်လူနဲ့ ဗဟိုခံစစ် ၄ နေရာလုံးကို အားဖြည့်လိုရင် လီဗာပူးအသင်းဟာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ထက် မနည်းသုံးရမယ်လို့ သိရပါတယ်။
ဂတ်ပိုဟာ ဝုဗ်ပွဲကို လွဲချော်သွားဖွယ် ရှိနေပြီး ဒါဝင်၊ ဒီယက်ဇ်၊ ဆာလာ တိုက်စစ်အတွဲကို ပြန်ပြီး မြင်ရဖွယ် ရှိပါတယ်။
ကွင်းလယ်လူ ဝါတာရုကို စိတ်ဝင်စားနေတဲ့ ကလပ်တွေရှိနေပြီး မော်တန်ကတော့ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာဖို့ အားကောင်းနေပါပြီ။