ကစားသမား ၄ ဦး အဝင်ရှိမည်၊ ပေါ်တူဂီ ရောက်နေပြန်တဲ့ ကင်းထောက်အဖွဲ့၊ စကားပြောဖို့ ငြင်းနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမား ခေါ်ယူမှု ၄ ဦးလောက်ထိ အနည်းဆုံး ပြုလုပ်နိုင်တယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

လာမယ့်ရာသီမှာ စနစ်သစ်ကို ပိုမို ကောင်းမွန်အောင် ပြင်ဆင်ဖို့ ကလော့ပ်က ရည်ရွယ်ထားတာနဲ့အတူ ထရန့်နေရာ ကာဗာပေးရတဲ့ ကိုနတေးရဲ့ ဗဟိုခံစစ်မှူး နေရာအတွက် လူသစ် တစ်ဦး ခေါ်ယူဖို့ လီဗာပူးဘက်က စီစဉ်လာပါတယ်။

လီဗာပူး၊ ယူနိုက်တက်တို့လို အကောင်းဆုံး အသင်းအဖြစ် မှတ်တမ်းဝင်လိုရင် ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ လိုအပ်တယ်လို့ ပက်ဂွာဒီယိုလာက ထုတ်ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဂျာမိန်း ဂျီးနက်စ်ကတော့ အက်စတွန်ဗီလာပွဲမှာ ဂက်ပိုရဲ့ သွင်းဂိုးဟာ ဂိုးရသင့်ကြောင်းနဲ့ ဘောလုံးက ဗီလာ ခံစစ်သမားကနေ စင်ထွက်လာခဲ့တာပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဖာမင်နိုနဲ့ သူ့ရဲ့ ဧည့်သည်တွေ လီဗာပူးတဝိုက်မှာ လည်ပတ်နိုင်ဖို့အတွက် အသင်းဘက်က အသင်း ဘက်စ်ကားကို စီစဉ်ပေးခဲ့ပါတယ်။

လာမယ့်ရာသီ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ့် ကလပ်ကို ရွေးထုတ်ရမယ်ဆိုရင် လီဗာပူးပဲ ဖြစ်နိုင်လိမ့်မယ်လို့ ဂယ်ရီနဗီးက မှတ်ချက်ပေးပါတယ်။ ကုန်ခဲ့တဲ့ ၅ ရာသီမှာ တောက်လျှောက် ပြိုင်ဘက်ဖြစ်လာခဲ့တဲ့ ကလော့ပ်ရဲ့ အသင်း တည်ငြိမ်မှုဟာ လာမယ့်ရာသီ ပြန်မြင်ရမယ်လို့ သူက မြင်ပါတယ်။

လီဗာပူး ကင်းထောက်တွေဟာ စပို့တင်းနဲ့ ဘင်ဖီကာ ပွဲကို တက်ရောက် ကြည့်ရှုခဲ့ပြီး ကွင်းလယ်လူ အူဂါတီရဲ့ အခြေအနေကို ကင်းထောက်ခဲ့ပါတယ်။ အသင်းဟာ အခြားသော ကစားသမား အချို့ကိုလည်း စောင့်ကြည့်နေတာလို့ ခန့်မှန်းရပြီး အန်တိုနီယို ဆေးဗားဟာ အသင်းပစ်မှတ်ထဲ ပါဝင်ထားပါတယ်။

လီဗာပူးအသင်းဟာ ဘောလုံးရာသီ အကုန်မှာတင် အယ်လစ္စတာရဲ့ ကိစ္စကို ဖြေရှင်းနိုင်ဖို့ ကြိုးစားလိုနေပါတယ်။ ကစားသမားကလည်း စျေးကွက် အစောပိုင်းမှာတင် အသင်းသစ်ထံ ရောက်ရှိဖို့ကို အာရုံစိုက်နေပါတယ်။

ဘိုင်ယန်မြူးနစ်က ဂရာဗင်ဘက်ချ်ကို ရောင်းထုတ်ရေး လက်ခံစကားပြောပေးဖို့ ဆန္ဒ မရှိဘူး ဖြစ်နေပါတယ်။

လီဗာပူးအသင်းမှာပဲ ဆက်နေဖို့ ကလော့ပ်က ကြိုးစား စည်းရုံးခဲ့တယ်လို့ မီလ်နာက ထုတ်ပြောခဲ့ပြီး သူ ပွဲတွေကို ကစားနိုင်သေးတာမို့ စာချုပ်သစ်ကို လက်မှတ် မထိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။