

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီး လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက အာဆင်နယ်ကို ၇ မှတ်အသာဖြင့် လိဂ်ကို ဦးဆောင်ထားပါတယ်။
ဝုဗ်နည်းပြ ဗစ်တာပါရဲးရာက အန်ဖီးကွင်းမှာ ၂-၂ ရလဒ်ဖြစ်ခဲ့မယ်ဆိုရင် မျှတတဲ့ ရလဒ်ဖြစ်ပါလိမ့်မယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဝုဗ်ကို ရင်ဆိုင်ကစားတဲ့ပွဲအတွင်း လီဗာပူးအသင်းရဲ့ ဒုတိယပိုင်း ခြေစွမ်းဟာ ဆိုးရွားလွန်းခဲ့သလို ဂိုးရဖို့အတွက် ဖန်တီးနိုင်ချေက 0.00(xG) ထိ ကျဆင်းခဲ့ပါတယ်။
ပွဲပန်းနေပုံရတဲ့ လီဗာပူးအသင်းဟာ ဝုဗ်ကို ရင်ဆိုင်ရာမှာ နွမ်းလျနေပြီး အန်ဖီးကွင်းဟာလည်း နိုင်ပွဲမရမှာကို ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ BBC Radio 5 Live သုံးသပ်သူ ပေါမာဆန်က ပြောပါတယ်။
ဒုတိယပိုင်းအတွင်း ဆာလာရဲ့ သွင်းဂိုးနဲ့ ဂျိုတာရဲ့ ပင်နယ်တီကို ဒိုင်တွေ ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်က မှန်ပေမယ့် အီဘူးရဲ့ အဝါကတ်နဲ့ ဖရီးကစ်ကတော့ မပေးသင့်ဘူးလို့ အာနယ် ဆလော့က ပြောပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာတီတာရဲ့ အသင်းဟာ နောက်ထပ် အမှတ်ပေးပွဲ ၅ ပွဲဆက်တိုက်ကစားပြီး ၁၅ မှတ် ယူနိုင်တဲ့အသင်းလို့ အာနယ် ဆလော့က ချီးကျူးပါတယ်။
ပွဲတွေ တောက်လျှောက်ကစားထားတဲ့ လီဗာပူးအသင်းဟာ လာမယ့် ၁၀ ရက်အတွင်း အက်စတွန်ဗီလာ (အဝေး)၊ မန်စီးတီး (အဝေး)၊ နယူးကာဆယ် (အိမ်ကွင်း) တို့ကို တောက်လျှောက် ယှဉ်ပြိုင်ရမှာဖြစ်ကာ ဖလားပြိုင်ဆိုင်မှုအတွက် အဓိကကျလာပါမယ်။
ရော်ဘတ်ဆန်ကတော့ အသင်းသားတွေဟာ အကြောက်တရားဝင်ခဲ့သလို အန်ဖီးဟာလည်း စိုးထိတ်ခဲ့ပေမယ့် ဒါဟာ ဖြစ်လေ့ရှိတဲ့ အခြေအနေလို့ ပွဲအပြီး ပြောဆိုပါတယ်။
ဂက်ပိုဟာ အဲဗာတန်ပွဲမှာ ထိခိုက်မိတာဖြစ်ကာ သူ့အခြေအနေကို ပြောနိုင်ဖို့ စောနေသေးပြီး အက်စတွန်ဗီလာပွဲမှာ ကစားနိုင်မလား စောင့်ကြည့်ရမှာပါ။
ပရီးမီးယားလိဂ်ဟာ အာနယ် ဆလော့ရဲ့ ပြစ်ဒဏ်ကို ဗုဒ္ဓဟူးရက်မှ ဆုံးဖြတ်မှာဖြစ်ကာ ၁ ပွဲပယ်မလား ၂ ပွဲပယ်မလား မသေချာသေးပါဘူး။
လီဗာပူးအသင်းမှာ အသင်းလိုအပ်တိုင်း အဆင်သင့်ရှိနေတဲ့ ကွမ်းဆက်နဲ့ အန်ဒိုလို ကစားသမားတွေ ရှိနေတာ အရမ်းကောင်းတဲ့ကိစ္စပဲလို့ အာနယ် ဆလော့က ပြောပါတယ်။