

လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် လက်မှတ်နှုန်းထားကို မပြောင်းလဲခဲ့ပါဘူး။ တစ်ရာသီစာ လက်မှတ်တွေကိုလည်း စျေးမပြောင်းဘဲ ဆက်ထားထားပေးမယ်လို့ သိရပါတယ်။
ဇွန်လမှာ အသက် ၃၃ နှစ်ပြည့်တော့မယ့် မိုဆာလာဟာ လီဗာပူးအသင်းမှာ ဆက်နေမယ်ဆိုတဲ့ အသံမျိုးတွေ ထွက်လာနေပြီး အင်္ဂလန်သတင်းဌာန ဒေးလီးမေလ်းကလည်း ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းထွက်ခြင်းဟာ သူ့ဘက်က အကောင်းဆုံး အလုပ်လုပ်ပြနေတယ်လို့ အဓိပ္ပာယ် သက်ရောက်တာမို့ ပျော်ရွှင်ပါတယ်လို့ အီဘူးက ပြောပါတယ်။
ဝုဗ်နဲ့ပွဲကို လီဗာပူး အောင်နိုင်ခဲ့တာဟာ ဝါတာရုနဲ့ ကွမ်းဆက်တို့ကြောင့်ဖြစ်တယ်လို့ သုံးသပ်သူတွေ ထောက်ပြလာနေပြီး ဝုဗ်ရဲ့ အပိုင်းအခွင့်အရေး တစ်ကြိမ်ကို ကွမ်းဆက်က ဧရိယာအတွင်း ကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်။
ဝုဗ်နဲ့ပွဲမှာ ပြသသွားတဲ့ လီဗာပူးအသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေဟာ လက်ကျန်ပွဲမှာ ခြေချော်ဦးမယ်ဆိုပြီး အာဆင်နယ်ကို မျှော်လင့်ချက်တွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ ဂယ်ရီနဗီးက ထုတ်ဖော်လာပါတယ်။
နယ်သာလန်ဖွား စပိန်ခံစစ်မှူး Dean Huijsen ရဲ့ စာချုပ်ပါကြေးဟာ ယူရို သန်း ၅၀ လို့ အသံထွက်နေပြီး လီဗာပူးဘက်က အဆိုပါ ဘုန်းမောက် ခံစစ်မှူးကို စောင့်ကြည့်မှု လုပ်နေပါတယ်။
ကိုဒီဂက်ပိုဟာ ကြားရက် အက်စတွန်ဗီလာပွဲမှာ ပြန်ကစားပေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သတင်းထွက်နေပြီး နည်းပြဖက်က ထုတ်ပြောလာတာကို စောင့်ဆိုင်းနေဆဲပါ။
နယူးကာဆယ် တိုက်စစ်မှူး အီဆက်ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်လိုက်ကြောင်း အသံထွက်နေပါတယ်။ ဒီရာသီ နယူးကာဆယ်အသင်း ချန်ပီယံလိဂ်မဝင်ရင် အီဆက်ကို ယူရို သန်း ၁၀၀ ဖြင့် ထွက်ခွင့်ပေးရဖွယ် ရှိနေပါတယ်။
အီဆက်ကို ခေါ်ယူရေး လီဗာပူးအပြင် အာဆင်နယ်နဲ့ ဥရောပထိပ်သီးကလပ် အချို့က စိတ်ဝင်စားနေတာပါ။
ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ယူနိုက်တက်၊ အဲဗာတန် ၂ သင်းပေါင်း ရမှတ်ထက်ကို လီဗာပူးက ၁ မှတ် ပိုများပါတယ်။