

ကြာသပတေမနက် လီဗာပူးနဲ့ပွဲမှာ အက်စတွန်ဗီလာ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းကနေ ရက်ဖိုဒ့် ပါဝင်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲ ၃ ပွဲလောက်မှာ လီဗာပူးအသင်းရဲ့ ခြေစွမ်းဟာ အသင်းလုပ်ပြနိုင်တဲ့ အနေအထားထက် လျော့ကျခဲ့ကြောင်း နည်းပြအာနယ် ဆလော့က ဝန်ခံပါတယ်။
ဆာလာက ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပေမယ့် ရက်ဖိုဒ့်နဲ့ အဆန်ဆီယိုတို့ဟာလည်း အကောင်းဆုံး ခြေစွမ်းရချိန်မှာ ဆာလာလောက် လုပ်ပြနိုင်တယ်လို့ အက်စတွန်ဗီလာ နည်းပြ အမ်မရီက ပြောပါတယ်။
လီဗာပူးကို ရင်ဆိုင်ကစားပြီး ၈ ဂိုး သွင်းထားဖူးတဲ့ တိုက်စစ်သမား ရက်ဖိုဒ့်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်တယ်လို့ အာနယ် ဆလော့က ချီးကျူးပါတယ်။
ဒီရာသီ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့ ၂ ရာသီကထက် ပိုမြင့်မားပြီး ပိုလည်း ကောင်းပြလာနိုင်သေးတယ်လို့ အမ်မရီက ဆိုပါတယ်။
ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ အသင်းမှာပဲ စာချုပ်သစ်ဖြင့် ဆက်နေတာမျိုး မြင်လိုကြောင်း ဒီယက်ဇ်က ဆိုပါတယ်။
ဗီလာပွဲမတိုင်ခင် အက်ဆာ လေ့ကျင့်ရေးက ပုံရိပ်တွေမှာတော့ တစ်ရက် အနားရခဲ့တဲ့ အသင်းသားတွေဟာ လန်းလန်းဆန်းဆန်း အမူအယာတွေဖြင့် မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
ဒီနွေမှာ ဒါဝင်နဲ့ ဒီယက်ဇ်တို့ဟာ လီဗာပူးအသင်းကနေ ထွက်ခွာသွားတာမျိုး ဖြစ်သွားမလား စိတ်ဝင်စားစရာပဲလို့ မာဆေးဆိုဒ် နာမည်ကျော် သတင်းထောက် ဂျိမ်းပီယာဇ့်က ပြောပါတယ်။
ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်က ဒီရာသီ မန်စီးတီးကို ကျော်ဖြတ်ပြီးရင် နောက်အဆင့်တွေမှာ ပြိုင်ဘက်အဖြစ် လီဗာပူးကို ရင်ဆိုင်လိုတယ်လို့ ထုတ်ဖော်ပါတယ်။
လီဗာပူးအသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်မှာတော့ ဘင်ဖီကာ ဒါမှမဟုတ် ပီအက်စ်ဂျီတို့ထဲက တစ်သင်းဖြင့် ထိပ်တိုက်တွေ့ဖို့ များနေပါတယ်။ Brest အနေနဲ့ ဒီအဆင့်ကို တက်လာဖို့ ပီအက်စ်ဂျီကို ၄-၀ ဖြင့် အနိုင်ကစားဖို့ လိုအပ်မှာပါ။
အာဆင်နယ်ပရိသတ်တွေကတော့ လီဗာပူးအသင်း ဇယားထိပ်ရောက်နေတာဟာ လီဗာပူးကောင်းတာထက် သူတို့အသင်းမှာ ဒဏ်ရာ ပြဿနာများနေပြီး ပိုင်ရှင်က လူမဝယ်ပေးလို့နဲ့ ဒိုင်တွေက မျက်နှာသာမပေးလို့ဖြစ်တယ်လို့ စောဒကတက်နေကြပါတယ်။