ရာနှုန်းပြည့် မကောင်းသေးတဲ့ ထရန့်၊ မန်စီးတီးပွဲ လွဲဦးမယ့် ဂက်ပို၊ အာနယ် ဆလော့ ဖိုင်နယ်ပွဲ လွဲနိုင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မကြာခင်မှာတော့ အာနယ် ဆလော့ရဲ့ ပွဲပယ်ကိစ္စကို ဆုံးဖြတ်ပေးလာတော့မှာ ဖြစ်ကာ နယ်သာလန်သားဟာ ကာရာဘောင်း ဖိုင်နယ်ကို လွဲချော်သွားနိုင်ချေ ရှိနေပါတယ်။

လဲနေရင် ပြန်ထမှာဖြစ်ပြီး လီဗာပူးမှာ ရှိနေတဲ့ နောက်ဆုံးရက်ထိ လုံးဝ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ဒါဝင်က ထုတ်ပြောလာပါတယ်။

နည်းပြအာနယ် ဆလော့ကတော့ ဖြစ်နိုင်သလောက် ဂျိုတာကို မိနစ် ၉၀ အပြည့် သုံးလိုတယ်လို့ ဆိုခဲ့ပြီး ဗီလာပွဲအတွင်း ဒါဝင်ရဲ့ လှုပ်အားနှုန်း နည်းပါးခြင်းကို သဘောမကျဘူးလို့ ပေါ်တင် ပြောဆိုပါတယ်။

ဂက်ပိုဟာ မန်စီးတီးပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးသလို ထရန့်ကလည်း အခုချိန်ထိ မိနစ် ၉၀ အပြည့် ကစားနိုင်ဖို့ ရုန်းကန်နေရဆဲပါ။

အာဆင်နယ်နဲ့ ဖလားပြိုင်ဆိုင်မှုအကြောင်း ပြောပေးဖို့ တောင်းဆိုခံရချိန်မှာ ဒီအပတ် အီတီဟတ်ကို သွားဖို့နဲ့တင် ခက်ခဲနေပါပြီ အာဆင်နယ်ကို ထပ်ပေါင်းမထည့်ပါနဲ့တော့လို့ အာနယ် ဆလော့က ပြန်ဖြေပါတယ်။

လီဗာပူးအသင်းက မိုဆာလာကို ကမ်းလှမ်းတဲ့ စာချုပ်သစ်ဟာ လက်ရှိ လုပ်ခထက် ပိုနည်းပါးပြီး ကစားသမားဘက်က လက်ခံသေးခြင်း မရှိပါဘူး။ ဆော်ဒီဘက်ကတော့ ဆာလာ ဆက်နေမယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။

နည်းပြအာနယ်ဆလော့ဟာ ဒီလတွေအတွင်းမှာ လေ့ကျင့်ရေးမှာ ဒါဝင် နူးညက်စ်ရဲ့ ပွဲအတွင်း စွမ်းဆောင်ရည် တိုးတက်လာဖို့ တစ်ဦးချင်း အနီးကပ် ကွပ်ကဲမှုတွေ လုပ်ထားခဲ့တာလို့ သိရပါတယ်။

ကစားသမားနဲ့ နည်းပြအဖွဲ့က လေ့ကျင့်ရေးမှာ အပြင်းအထန် အားထုတ်ပေမယ့် ကွင်းအတွင်းမှာ ဒါဝင်ရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာ တိုးတက်လာခြင်း မရှိပါဘူး။

ဒီနွေမှာ လီဗာပူးအသင်း လူသစ် ခေါ်ယူဖို့ ၁၀၀% သေချာနေတဲ့ နေရာကတော့ ဘယ်အစွန်လူနေရာပဲ ဖြစ်ပြီး ၁၀၀% ထွက်ဖို့ သေချာနေသူက ဒါဝင်ဖြစ်ကြောင်း David Lynch က ဆိုပါတယ်။

ခီယေဆာကို ခေါ်ယူခြင်းဟာ အာနယ် ဆလော့ရဲ့ တောင်းဆိုမှု မဟုတ်ဘဲ ရစ်ချက်ဟုချ်က ခေါ်ယူထားတာလို့ သိရပါတယ်။

ဘာစီလိုနာနဲ့ စပိန်ခံစစ်မှူး Pau Cubarsí ကတော့ သူအမြဲတမ်း လေ့လာ စောင့်ကြည့်ဖြစ်တဲ့ ကစားသမားဟာ ခံစစ်မှူး ဗန်ဒိုက်ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။