

မန်စီးတီးပွဲမှာ လီဗာပူးအသင်းဟာ ထောင့်ကန်ဘော အခွင့်အရေးမှာ မာကာ၊ ဒီယက်ဇ်နဲ့ ဆာလာ တွဲဘက်မှုက တစ်ဆင့် ထူးချွန်တဲ့ တည်ကန်ဘော သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီတလော တည်ကန်ဘောမှာ ဂိုးယူနိုင်စွမ်း တော်တော်လေး ညံ့နေသလို ဂိုးပေးရနှုန်းတက်နေတာပါ။ သိပ်မကောင်းတဲ့ မှတ်တမ်းအဖြစ် လီဗာပူးအသင်းဟာ ဒီရာသီ တည်ကန်ဘောကနေ ဂိုးယူနိုင်စွမ်း အညံ့ဆုံး ၃ သင်းထဲတောင် ပါဝင်ာထးတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ကွင်းလယ်လူ ဆိုဘိုစလိုင်က စနေနေ့ကမှ ထောင့်ကန်ဘော ပုံစံသစ်ကို လေ့ကျင့်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြောခဲ့တယ်။ အဲ့အပိုင်း တာဝန်ယူသူက ဘယ်သူလဲဆိုတာကို ထုတ်ပြောပေးဖို့ နည်းပြဖြစ်တဲ့ အာနယ် ဆလော့က ငြင်းဆန်ပါတယ်။
” အီတီဟတ်မှာ မန်စီးတီး အနိုင်ရခဲ့တာကို ကျနော်တို့ မပျော်နေရင် အံ့ဩစရာတွေ ဖြစ်နေပါလိမ့်မယ်။ ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်တဲ့ အသင်းကို အဝေးကွင်းလာကစားပြီး ၂-၀ နဲ့နိုင်ခဲ့တာကို သိပ်ပျော်ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက တည်ကန်ဘောကနေ ကျနော်တို့ ဂိုးပေးခဲ့ရတယ်။ ဒီအတွက် ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အခု မန်စီးတီးပွဲမှာ ဂိုးရခဲ့တော့ အဲ့အတွက် အဓိက ကြိုးစားသူရဲ့ နာမည်ကို ဖော်ထုတ်ပေးရမယ်ဆိုရင် အကောင်းမြင်စရာမျိုး ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် တည်ကန်ဘောကနေ ကျနော်တို့ ဂိုးတွေ ပြန်မရတော့တဲ့အခါ လူတိုင်းက သူ့ကို ဝိုင်းပြီး လက်ညှိုးထိုးကြတော့မှာပါ ” ဆိုပြီး တည်ကန်ဘော နည်းပြနာမည်ကို ဖော်ထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
မန်စီးတီးပွဲမှာ ဂိုးရခဲ့ပေမယ့် လီဗာပူးရဲ့ တည်ကန်ဘောတွေ ထိရောက်လာဖို့ လိုအပ်နေဆဲဖြစ်ကာ တိုးတက်ရိပ်တွေ မြင်လာရခြင်းကို အကောင်းမြင်ရမှာဖြစ်ပါတယ်။