ဒီနွေမှာ လီဗာပူးအသင်းက ဗဟိုခံစစ်မှူးသစ် ခေါ်ယူမည် ကစားသမား အဝင် ၄ ဦး ရှိလာမည်

အက်စတွန်ဗီလာပွဲမှာ ဖာမင်နို၊ မီလ်နာ၊ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ကို လက်လွတ်ရတဲ့နောက် လီဗာပူးအသင်းဟာ လာမယ့် နွေအတွက် ပလန်တွေကို ပိုမို အာရုံစိုက်လာနေပြီ ဖြစ်ပါတယ်။

တစ်ရာသီလုံး ရုန်းကန်ခဲ့ရတဲ့ လီဗာပူးအသင်းဟာ ရာသီသိမ်းချိန်မှာ ကလပ်ရဲ့ အောင်နိုင်ရေး ဖော်မြူလာကို ပြန်ရှာတွေ့လာခဲ့ပါတယ်။ ကလော့ပ်ဟာ နည်းစနစ်ပိုင်း စမ်းသပ်မှုတွေနဲ့အတူ ဘောလုံးရာသီကို အောင်မြင်စွာ အဆုံးသတ်ဖို့ အားထုတ်လာနိုင်ခဲ့တယ်။

ထရန့်က စနစ်သစ်မှာ ချက်ခြင်း အံဝင်သူ ဖြစ်လာနေပြီး ကာတစ်ဂျုံးက ပုံမှန် ပွဲထွက်ရ ကစားသမားဖြစ်လာတယ်။ ဂက်ပိုက ဖာမင်နိုရဲ့ နေရာကို ဆက်ခံနိုင်မယ့် အလားအလာတွေ ပြသလာပါတယ်။ ဒါပေမယ့်လို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။

လီဗာပူးရဲ့ နောက်ထပ် ပလန်ကတော့ အပြောင်းအရွှေ့ စျေးကွက်ကနေ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဖြစ်ပါတယ်။ တယ်လီဂရပ်မှ သတင်းထောက် Chris Bascombe ကတော့ လီဗာပူးအသင်းဟာ အနည်းဆုံး ကစားသမားသစ် ၄ ဦး ခေါ်ယူမယ်လို့ ဖော်ပြလာပါတယ်။

၃ ဦးက ကွင်းလယ်လူတွေဖြစ်ပြီး တစ်ဦးက ခံစစ်သမားဖြစ်ကာ နောက်ဆုံး ၈ ပွဲအတွင်း နိုင်ပွဲ ၇ ပွဲ သရေပွဲ ၁ ပွဲ ရခဲ့တဲ့ လီဗာပူးအတွက် အကျိုးဖြစ်တဲ့ အင်အားဖြည့်မှု ဖြစ်လာဖို့ ကလပ်ဘက်က ရည်ရွယ်ပါတယ်။ အယ်လစ္စတာ၊ မေဆန်မောင့်လို့ ကွင်းလယ်လူတွေက ကလော့ပ်ရဲ့ စနစ်သစ်မှာ အံဝင်မယ်လို့ မျှော်လင့်ခံထားရတယ်။

နောက်ဆုံး ပါဝင်လာတဲ့ ပစ်မှတ်ကတော့ ဒဏ်ရာ ပြဿနာတွေ များတဲ့ ကိုနတေး နေရာအတွက် ဖြစ်ပါတယ်။ ထရန့် ကွင်းလယ်ကို ဝင်သွားချိန် သူ့ရဲ့ နေရာလွတ်တွေကို ဖြည့်တင်းပေးမယ့် ညာခြမ်း ဗဟိုခံစစ်မှူးသစ်ဟာ လီဗာပူး အင်အားဖြည့်လိုတဲ့ နေရာ ဖြစ်တယ်လို့ သိရပါတယ်။