

ပရီးမီးယားလိဂ် အိမ်ကွင်း လက်ကျန် ၇ ပွဲကို ပြိုင်ဘက်တွေ ကြောက်ရွံ့ရအောင် လုပ်ကြရအောင်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က လီဗာပူးပရိသတ်တွေကို နှိုင်းဆော်ပါတယ်။
ဒီနွေမှာ မာမာဒီရှီဗီလာ ရောက်လာမယ်ဆိုတာကို အယ်လီဆန်ကော ကလယ်ဟာပါ သိထားပါတယ်။ လီဗာပူးအသင်းဘက်က မာမာဒီရှီဗီလာကို အငှားချထားတာ မဟုတ်ဘဲ ဇွန်လ ၃၀ ရက်နေ့မှ တရားဝင် ခေါ်ယူနိုင်မှာပါ။
ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်သစ်ကိစ္စတွေဟာ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး သတင်းထူး မကြားရသေးပါဘူး။
ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်ဆိုရင် လီဗာပူးအသင်းဟာ Nike ထံကနေ ဆုကြေး ပေါင် ၂ သန်း ရရှိပါမယ်။
မန်စီးတီးပွဲအတွင်း ပွဲချိန် ၈၉ မိနစ်မှာ ထရန့်ဟာ ခံစစ်က သူ့နေရာကို အပြင်းအထန် ပြေးလွှားခြင်း မလုပ်ဘဲ အသာအယာလေး ပြေးနေတာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်ကို သေချာပေါက် အင်အားဖြည့်မှာဖြစ်ပြီး ဒါဝင် ထွက်သွားမယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်ကြီးတွေကပါ ဖော်ပြလာပါပြီ။
ဒီယက်ဇ်ဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ရှိတော့မှာဖြစ်ကာ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေပါတယ်။ ထိုနည်းတူ အီဘူးရဲ့ စာချုပ်သစ် အခြေအနေကို ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က စောင့်ကြည့်နေကြပါတယ်။
ကွင်းလယ်လူ ဟာဗေးဟာ နည်းပြအာနယ် ဆလော့ လက်အောက်မှာ ပွဲကစားခွင့် ရနိုင်ပါ့မလား အခြေအနေကို ရာသီကုန်ရင် ပြန်လည် ဆန်းစစ်သွားဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာအတွက် တိုက်စစ်အားသန် ကစားသမားမျိုးကိုကော ဗဟိုခံစစ်မှူးနေရာပါ ပူးတွဲကစားနိုင်တဲ့ ဘယ်အစွန်လူတွေကိုပါ စောင့်ကြည့်နေပြီး ဘယ်လို ကစားသမား ခေါ်မလဲကို ဖုန်းကွယ်ထားဆဲပါ။
လေဗာကူဆင် ကြယ်ပွင့် ဝက်ဇ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လီဗာပူးအသင်းက တစ်သင်း အပါအဝင်ပါ။