ရီးရဲလ်ရောက်ဖို့ နီးစပ်နေတဲ့ ထရန့်၊ လက်မလျှော့ဘူးဆိုတဲ့ အာတီတာ၊ ဒါဝင်က များနေပြီလို့ သတိပေးတဲ့ အာနယ် ဆလော့နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အက်ဖ်အေဘက်က အပြစ်ပေးမှု မလုပ်သေးခြင်းကြောင့် နည်းပြအာနယ် ဆလော့ဟာ ဒီကြားရက် နယူးကာဆယ်ပွဲမှာ ပွဲကို ကြီးကြပ်ခွင့်ရဦးမှာ ဖြစ်ပေမယ့် ကာရာဘောင်း ဖိုင်နယ်ပွဲအတွက်တော့ မသေချာသေးပါဘူး။

သင်္ချာနည်းအရ ဖလားရဖို့ မဖြစ်နိုင်တော့တဲ့ အခိုက်အတန့်ကို ရောက်လာမှပဲ ချန်ပီယံ ပြိုင်ဆိုင်မှုကို လက်လျော့မယ်လို့ အာဆင်နယ် နည်းပြအာတီတာက ထုတ်ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ခေါ်ယူနိုင်မယ်လို့ အကောင်းမြင်နေတဲ့ အနေအထားကနေ ပိုမို တိုးတက်လာနေပြီး ခေါ်နိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ထားတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။

ဒါဝင် နူးညက်စ်ဟာ လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် ကြိုးစားနေပြီး အသင်းလိုအပ်လာချိန်မှာ အဆင်သင့်ဖြစ်နေမယ် မျှော်လင့်တယ်လို့ နည်းပြ အာနယ် ဆလော့က ပြောပါတယ်။

ကစားသမားတစ်ယောက်က တစ်ကြိမ် မပေးဆပ်ရင် လက်ခံပေမယ့်၊ နှစ်ကြိမ်ကနေ အကြိမ်တွေ များလာရင်တော့ လက်ခံပေးမှာ မဟုတ်ဘူးလို့ ဝုဗ်နဲ့ ဗီလာပွဲမှာ အသင်းအတွက် အစွမ်းကုန် မကစားပေးခဲ့တဲ့ ဒါဝင်နဲ့ ပတ်သက်လို့ နည်းပြက သတိပေးပါတယ်။

ဒတ်ချ်ဖွား စပိန် ယူ-၂၁ ကစားသမားဖြစ်တဲ့ ဘုန်းမောက် ခံစစ်မှူး Dean Huijsen ဟာ ဗန်ဒိုက်၊ ဂရာဗင်ဘက်ချ်တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူတစ်ဦး ဖြစ်ပါတယ်။

ဘယ်အစွန်လူနဲ့ တိုက်စစ်မှူး ရှာနေတဲ့ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ် တစ်ဦးကိုလည်း ရလိုနေကာ Dean Huijsen ကို သဘောကျနေပါတယ်။

နွေစျေးကွက်တုန်းက လီဗာပူးအသင်းဟာ ရာသီကြိုမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ခံစစ်မှူး ဆပ်ဗန်ဒန်ဘတ်ကို လုံးဝ ရောင်းမထုတ်လိုပေမယ့် ပုံမှန်ပွဲကစားခွင့် ရလိုတာကြောင့် အသင်းပြောင်းခွင့် တောင်းခဲ့တာပါလို့ ကစားသမားဘက်က ဝန်ခံပါတယ်။

ဘရန့်ဖိုဒ့်မှာ ခြေစွမ်း ကောင်းကောင်းပြသနိုင်ရင် နောက် ၂ နှစ်အကြာမှာ လီဗာပူးကို ပြန်ရောက်ချင် ရောက်သွားနိုင်ကြောင်း ဆပ်ဗန်ဒန်ဘတ်က ပြောပါတယ်။