

နာမည်ကျော် အချက်အလက်ဆိုင်ရာ ဝဘ်ဆိုဒ် OptaJoe ကတော့ ဒီရာသီ လီဗာပူးအသင်း ချန်ပီယံဖြစ်နိုင်ချေဟာ ၉၉% လို့ ဖော်ပြလာပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုကြောင်းနဲ့ သူရယ် မိုရယ်တို့ဟာ အဝတ်လဲခန်းမှာ ဒီလိဂ်ကို အနိုင်ရရေး အစွမ်းကုန် အားထုတ် တွန်းအားပေးနေပါတယ်လို့ ဆိုပါတယ်။
ရာသီကုန်လို့ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ရင် အသင်းခေါင်းဆောင် ဗန်ဒိုက်က ဆုဖလား ကိုင်မြောက်ရမှာဖြစ်ပြီး ဒတ်ချ်ဘောလုံးသမိုင်းမှာတော့ အင်္ဂလန်ကလပ်တစ်သင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ချန်ပီယံဖြစ်မယ့် ပထမဆုံး ကစားသမားဖြစ်လာပါမယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကာ ၁၀ ဂိုးအထက် သွင်းယူနိုင်သူ ၇ ဦးရှိပြီး ကွင်းလယ်လူတွေဖြစ်တဲ့ ဂျုံးနဲ့ မာကာတို့က ၉ ဂိုးစီ သွင်းယူထားပါတယ်။
အက်ဖ်အေဖလားကနေ ထွက်ခွာရခြင်းဟာ လီဗာပူးအတွက် အကျိုးအမြတ် ဖြစ်စေခဲ့ပြီး ဒီပိတ်ရက်မှာ ဖလားပွဲ ကစားရဖို့ မရှိတာကြောင့် ပီအက်စ်ဂျီပွဲအတွက် အပြည့်အဝ ပြင်ဆင်ချိန် ရခဲ့ပါပြီ။
ထရန့်ကလွဲလို့ မိုဆာလာနဲ့ ဗန်ဒိုက်တို့ဟာ လီဗာပူးအသင်းမှာ စာချုပ်သစ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း ဗြိတိန်ဂုဏ်သိက္ခာရှိ သတင်းထောက်ဖြစ်တဲ့ David Ornstein က ဆိုပါတယ်။
နယူးကာဆယ် တိုက်စစ်မှူး အီဆက်အပေါ် လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုက ပိုမို မြင့်တက်လာနေပါတယ်။
ဒီရာသီ ဒဏ်ရာကြောင့် ကစားသမားတွေကို လက်လွတ်ရမှု အများဆုံးစာရင်းရဲ့ အဆင့် ၅ နေရာမှာ အာဆင်နယ်ရှိနေပြီး အဆင့် ၆ မှာတော့ လီဗာပူးဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ယာဂင်ကလော့ပ်ရဲ့ မှတ်တမ်းစီးရီး ထွက်ရှိလာမှာဖြစ်ကာ Prime ကနေ ပထမဆုံး ၄ ပိုင်းကို ထုတ်လွှင့်သွားပါမယ်။
လီဗာပူးမြို့ကောင်စီဟာ ရာသီကုန် လီဗာပူးအသင်း ဖလားအောင်ပွဲခံရာမှာ ပရိသတ် ၁ သန်းကျော် တက်ရောက်နိုင်တဲ့ အခြေအနေအတွက် စီစဉ်မှုတွေကို ကြိုတင် ပြုလုပ်လာဖို့ ရှိပါတယ်။