

မာဆေးဆိုဒ် သတင်းထောက်တွေ ကိုယ်တိုင်က အသင်းဟာ မိုဆာလာနဲ့ ဗန်ဒိုက်ကိုပဲ စာချုပ်သစ်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ထရန့်က ထွက်ခွာမယ်လို့ ဖော်ပြလာနေပါပြီ။
ကာလရှည်၊ ကာလတိုတွေဖြင့် ကြိုးစားနေပေမယ့် ထရန့်ရဲ့ စာချုပ်ကိစ္စ အောင်မြင်ဖွယ် မရှိဖြစ်လာနေတာကြောင့် ညာခြမ်းမှာ တစ်ဦးတည်း ကျန်ရှိနေတဲ့ ဘရတ်ဒလေကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က ကြိုးစားတော့မှာပါ။
လီဗာပူးဘက်က အီဆက်ရဲ့ ကိုယ်စားလှယ်တွေထံ ကစားသမားကို ခေါ်ယူရေး စတင် ချိတ်ဆက်နေပြီဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ဆွီဒင် တိုက်စစ်မှူးအတွက် ပေါင် သန်း ၁၅၀ ထိ ရလိုပါတယ်။
အီဆက်ရဲ့ အေးဂျင့်ဟာ လီဗာပူးကော အာဆင်နယ်တာဝန်ရှိသူတွေနဲ့ပါ စကားပြောမှာဖြစ်ကာ ကစားသမား ကိုယ်တိုင်ကတော့ တိုက်စစ်ပိုကစားတဲ့ လီဗာပူးနည်းပြ အာနယ် ဆလော့ကို အကြိုက်တွေ့နေပါတယ်။
ဒီရာသီ လီဗာပူးအသင်းဟာ ကံအရမ်းကောင်းလွန်းတယ်လို့ အာဆင်နယ်ပရိသတ်တွေက မနာလိုဖြစ်နေကြပါတယ်။ အထူးသဖြင့် နောက်ပိုင်း ယှဉ်ပြိုင်တဲ့ မန်စီးတီး၊ နယူးကာဆယ်ပွဲတွေမှာ ဟာလန်း၊ အီဆက်တို့ ဒဏ်ရာကြောင့် မပါနိုင်တာကို ၎င်းတို့ သဘောမကျဖြစ်နေတာပါ။
ကင်မစ်ရဲ့ အေးဂျင့်က သူ့တို့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း ချိတ်ဆက်ပေမယ့် လီဗာပူးဘက်က ငြင်းဆန်ခဲ့ကြောင်း ဂျာမန်သတင်းထောက်တွေက ဖော်ပြပါတယ်။
ပဲလေ့စ် ကွင်းလယ်လူ အဒမ်ဝါတန်ကို လီဗာပူးဘက်က ကင်းထောက်လွှတ်ပြီး စောင့်ကြည့်နေပါတယ်။ အဲ့ထက် ပိုပြီး ထူးခြားတဲ့ အခြေအနေမျိုးတော့ မရှိသေးပါဘူး။
ဗလန်စီယာ ဂိုးသမား မာမာဒီရှီဗီလာကို ခေါ်ယူရေးဟာ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က တွန်းအားပေးခဲ့တာလို့ သိရပါတယ်။
ဘုန်းမောက် ဘယ်အစွန်လူ မီလိုစ့်ကာဇ်ရဲ့ ကိုယ်စားလှယ်ဟာ ခီယေဆာနဲ့ တူညီတဲ့ ကိုယ်စားလှယ်အဖွဲ့ပဲဖြစ်ကာ လီဗာပူးဘက်က အခြေအနေ တီးခေါက်နေပါတယ်။
မာမာဒီရှီဗီလာဟာ အယ်လီဆန်ကို လေးစားသမုရှိပေမယ့် နံပါတ် ၁ ပွဲထွက်နေရာကို ရလိုပြီး လီဗာပူးအသင်းမှာ အရန်ခုံ ထိုင်ရဖို့ ဆန္ဒမရှိပါဘူး။