အင်္ဂလန်ရဲ့ ဂျာစီရောင်းအကောင်းဆုံး အသင်းဖြစ်နေခြင်း၊ အီဆက်ကို အမှန်တကယ် စိတ်ဝင်စားနေခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ၂၀၂၄ မှာ ဂျာစီအသုံးအဆောင် ရောင်းချမှုကနေ ယူရို ၁၄၆ သန်းရရှိခဲ့ပြီး အင်္ဂလန်ကလပ်တွေထဲမှာ ဂျာစီရောင်းအား အကောင်းဆုံးအဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပူးတွဲရပ်တည်နေပါတယ်။

ဒီအပတ်ရဲ့ ချန်ပီယံလိဂ် အကောင်းဆုံး ကစားသမားနေရာအတွက် လီဗာပူး ဂိုးသမား အယ်လီဆန်ကို ဘောလုံးပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီကို ရင်ဆိုင်တဲ့ပွဲမှာ ခံစစ်ပိတ်ပြီး မကစားလိုခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ကိုယ်ကစားချင်တဲ့အတိုင်း ကစားရတာ မဟုတ်တာကြောင့် ဒီနည်းလမ်းကို ရွေးချယ်ခဲ့တာလို့ သူက ဆိုပါတယ်။

ပွဲကစားခွင့်မရဖြစ်နေခြင်းအတွက် ဒေါသထွက်မိပြီး နည်းပြအာနယ်ဆလော့နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောမှုတွေ လုပ်ထားခဲ့သေးကြောင်း ဟာဗေးက ဝန်ခံပါတယ်။

ဂန္တဝင်ဂိုးသမားဟောင်း အများအပြားကတော့ ပီအက်စ်ဂျီပွဲမှာ အယ်လီဆန် ပြသခဲ့တဲ့ လက်စွမ်းဟာ သူတို့မြင်ခဲ့ဖူးသမျှတွေထဲ ဂိုးသမားတစ်ယောက်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်အဖြစ် မှတ်ချက်ပေးနေကြပါတယ်။

ပီအက်စ်ဂျီ ကစားသမား နူနို မန်ဒက်စ်ဟာ မိုဆာလာ ထွက်သွားပြီး ဟာဗေး ဝင်လာချိန်မှာတော့ သူ့ရဲ့ ခံစစ်တာဝန်ကို သက်သာရာရသွားပြီလို့ ပေါ့လျော့ခဲ့ပြီး ဒါဟာ ဟာဗေးအတွက် အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။

အီဆက်ကို လိုက်နေတာ လီဗာပူးတစ်သင်းတည်း မဟုတ်သလို နယူးကာဆယ်ဘက်က ရောင်းချမှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဆန္ဒမရှိရင် မာဆေးဆိုဒ်ကလပ်က ဝင်ရောက် ကမ်းလှမ်းမှာ မဟုတ်ကြောင်း ဗြိတိန်နာမည်ကြီး သတင်းထောက် David Ornstein က ဆိုပါတယ်။

ဘုန်းမောက်အသင်းဟာ မီလိုစ့်ကာဇ့်အတွက် သူတို့ ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၃ ဆအဖြစ် ပေါင် ၄၅ သန်း ရလိုနေပါတယ်။

အသေးစား ဒဏ်ရာကို ခွဲစိတ်ရမှာဖြစ်လို့ ဗန်ဒုတ် လီဗာပူးအသင်းထံ ပြန်လာတော့မှာပါ။ ရာသီကုန်ထိ အနားယူရမယ့် ဒဏ်ရာမျိုးတော့ မဟုတ်ပါဘူး။