🎥 | The Anfield Road တိုးချဲ့မှု နောက်ဆုံးရ ဗီဒီယို (၂၀. ၅ . ၂၀၂၃)

လီဗာပူးအသင်းရဲ့ ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲစဉ် ပြီးဆုံးခဲ့ပြီ ဖြစ်တာမို့ မကြာခင်မှာတော့ The Anfield Road ပွဲကြည့်စင်ရဲ့ အမိုးကို ဖယ်ရှားမှု ပြုလုပ်သွားတော့မှာပါ။

ဒီလတွေအတွင်း ပွဲကြည်စင် တိုးချဲ့မှုကို အပြီးသတ်မှာဖြစ်ပေမယ့် ရာသီသစ်ထိ အဆင်သင့် မဖြစ်မှာကို စိုးရိမ်တာမို့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အိမ်ကွင်း အဖွင့်ပွဲကို အဝေးကွင်း ကစားခွင့်ရဖို့ ကလပ်ဘက်က လိဂ်ကို တောင်းဆိုထားပါတယ်။

အန်ဖီးကွင်း မြက်ခင်းပြင်ကို စတင်အုပ်နေပြီဖြစ်ပြီး မကြာခင်မှာ အမိုးဖယ်တဲ့ လုပ်ငန်စဉ် စတင်တော့မှာပါ။ ပရိသတ် ၆၁၀၀၀ ဝင်ဆံ့မယ့် အန်ဖီးကွင်း ကွင်းတိုးချဲ့မှု နောက်ဆုံးရ ဗီဒီယိုကို ဖော်ပြလိုက်ပါတယ်။