အမှတ်ပေးဇယား ၁၆ မှတ်ဖြတ်ထားခြင်း၊ ၆ ဦးထိ လူစားလဲခြင်း၊ အဝတ်လဲခန်းတွင်း အာနယ် ဆလော့ ပေါက်ကွဲမှု၊ အန်ဖီးကို အထင်မကြီးတဲ့ ပီအက်စ်ဂျီနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားကို ၁၆ မှတ်ဖြတ်ထားကာ လာမယ့် ပွဲစဉ် ၆ ပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးချန်ပီယံဖြစ်ဖို့ ရှိနေပါတယ်။

ဆောင်သမ်တန်ပွဲ ဒုတိယပိုင်း မစခင်မှာ အာနယ် ဆလော့ဟာ အဝတ်လဲခန်းအတွင်း အပြင်းအထန် ပေါက်ကွဲခဲ့ပါတယ်။ သူ့ကစားသမားတွေ ပြင်းပြင်းထန်ထန် မကစားလို့ဆိုပြီး ပေါက်ကွဲတာဟာ ဒီရာသီ ပထမဆုံးအကြိမ်ပဲလို့ အဝတ်လဲခန်းတွင်း သတင်းတွေက ဆိုပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးက လူစားလဲမှု ၆ ခုထိ လုပ်ခဲ့ပါတယ် အကြောင်းကတော့ ပြိုင်ဘက် ဆောက်သမ်တန်ရဲ့ ပထမဆုံး လူစားလဲမှုဟာ ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်ကာ ဘောလုံးစည်းမျဉ်းအရ နှစ်သင်းလုံးကို ၆ ဦးထိ လူစားလဲခွင့်ပေးခဲ့ပါတယ်။

ပြင်သစ်သတင်းဌာနတွေကတော့ ပီအက်စ်ဂျီအသင်းဟာ အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ယူ ကျော်ဖြတ်ဖို့ ယုံကြည်ချက် အပြည့်ရှိကြောင်းနဲ့ လီဗာပူးက အဲ့လောက်လည်း မခက်ဘူးလို့ ယုံကြည်ကြောင်း ဖော်ပြနေပါတယ်။

မိုဆာလာဟာ သွင်းဂိုး ၁၈၄ ဂိုးနဲ့အတူ ပရီးမီးယားလိဂ်သမိုင်းမှာ သွင်းဂိုး အများဆုံး တိုက်စစ်မှူးများ စာရင်းရဲ့ နံပါတ် ၅ နေရာကို အဂွယ်ရိုနဲ့အတူ ပူးတွဲ ရပ်တည်နေပါတယ်။ သူ နောက်ထပ် ကျော်ဖြတ်ရမယ့်သူက နံပါတ် ၄ နေရာက အန်ဒီကိုးလ်ရဲ့ ၁၈၇ ဂိုးစံချိန်ဖြစ်ပါတယ်။

ဒါဝင်ဟာ တစ်ခါတလေ ပွဲတွေအတွင်း ဦးနှောက်သုံးဖို့ အားမထုတ်တာကလွဲလို့ အသင်းအတွက် အရေးကြီး ကစားသမားတစ်ဦးဖြစ်တယ်လို့ ဆာလာက ဆိုပါတယ်။

ဆိုဘိုစလိုင်ကို ပွဲထွက်ကနေ စသုံးခဲ့တာဟာ အမှားကြီး တစ်ခုဖြစ်ပြီး ပွဲဆက်များနေတဲ့ ကွင်းလယ်လူဟာ ကစားအား မကောင်းတော့ဘဲ လာမယ့် အပတ်တွေမှာတော့ အနားပေးချိန် ပိုလုပ်ပေးရတော့မယ်လို့ နည်းပြ အာနယ် ဆလော့က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပင်နယ်တီ ၁၀ ကြိမ်ရအောင် အားထုတ်ထားနိုင်ပြီး ဒါဟာ မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ ၃ သင်းပေါင်းထက် ပိုများပါတယ်။

ဒီရက်ပိုင်း လီဗာပူး နိုင်ပွဲတွေအတွက် လူမှုကွန်ယက်ကနေ ဒေါသအထွက်ဆုံးပြိုင်ဘက်တွေဟာ ယူနိုက်တက်ပရိသတ်တွေ မဟုတ်ဘဲ အဲဗာတန်နဲ့ အာဆင်နယ်ပရိသတ်တွေ ဖြစ်နေကြပါတယ်။