

ယူနိုက်တက် ၁-၁ အာဆင်နယ် ရလဒ်ကြောင့် လီဗာပူးအသင်းဟာ ၁ ပွဲပိုကစား ၁၅ မှတ်အကွာဖြင့် အမှတ်ပေးဇယားထိပ်ကို ပြတ်ပြတ်သားသားကြီးကို ဦးဆောင်နေပါတယ်။
အာဆင်နယ်ကို သရေခံကစားပြီး လီဗာပူးအသင်းကို အင်္ဂလန်ရဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးဖလား ပိုင်ရှင်တွေဖြစ်လာရေး တထောင့်တနေရာက ကူညီပေးခဲ့တဲ့ ယူနိုက်တက်ကို ကျေးဇူးတင်တယ်လို့ လီဗာပူးပရိသတ်တွေက စနောက်ခဲ့ကြပါတယ်။
အာဆင်နယ် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဒီရာသီ တစ်ခုလုံး လီဗာပူးအသင်း သိပ်ကောင်းနေပေမယ့် ပြိုင်ပွဲက မပြီးသေးပါဘူးလို့ သတိပေးစကား ပြောဆိုပါတယ်။
သတင်းထောက်တွေက လီဗာပူးနဲ့ ၁၅ မှတ်ထိတောင် ပြတ်နေတာဟာ ဖလားပြိုင်ဆိုင်မှုအတွက် သိပ်ကို များသွားပြီလား မေးခွန်းထုတ်ခဲ့ရာ အာတီတာက ‘No.. Thank you.. ‘ ဖြေပြီးမှ ဒေါသထွက်စွာဖြင့် ခန်းမကနေ ထွက်ခွာသွားပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ပေါမာဆန်ကတော့ သူတို့အသင်းဟာ လီဗာပူးကို လိုက်မီဖို့ထက် အဆင့် ၅ နေရာက သူတို့ကို လိုက်မီဖို့ကပဲ ပိုနီးစပ်နေသေးတယ်ဆိုကာ ဖလားပြိုင်ဆိုင်မှု ပြီးဆုံးပြီလို့ ထုတ်ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အယ်လီဆန် အပေါ်မှာပဲ မှီခိုနေလို့ မရဘဲ ဘောလုံးကို ခြေထဲမှာ ထားနိုင်ဖို့ လိုအပ်တယ်လို့ ရိုဘိုက ဝန်ခံပါတယ်။
ဆောက်သမ်တန်ပွဲမှာ သူဟာလည်း နည်းပြ အာနယ် ဆလော့ထံကနေ ချီးကျူး မခံခဲ့ရဘူးလို့ ဗန်ဒိုက်က ပြောပါတယ်။ အဆိုပါပွဲ ပထမပိုင်း အပြီးမှာ နည်းပြအာနယ် ဆလော့ဟာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ဒေါသတကြီး ဝေဖန်ခဲ့တယ်လို့ အသံထွက်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေးလိဂ်မှာ စီနီယာကစားသမား ၈ ဦးထိကို အနားပေးပြီး လီဗာပူးနဲ့ပွဲအတွက် ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အိမ်ကွင်းဖြစ်ပေမယ့် ပီအက်စ်ဂျီကို ပေါ့ပေါ့ဆဆ ကစားမယ်ဆိုရင် ခံစားသွားရနိုင်ကြောင်း မာဆေးဆိုဒ် သတင်းထောက်တွေက သတိပေးနေပါတယ်။
ဗလန်စီယာ ဂိုးသမား မာမာဒီရှီဗီလီဟာ လီဗာပူးကို ရောက်လာခဲ့ရင် နံပါတ် ၁ ပွဲထွက်နေရာကို တန်းယူနိုင်ဖွယ် မရှိဘဲ အယ်လီဆန်ထံကနေ သင်ယူရဖွယ် ရှိနေပါတယ်။