ဂက်ပို ပြန်ပါလာခြင်း၊ အန်ဖီးမှာ အနိုင်ယူဖို့က “Mission Possible” ဆိုတဲ့ ပီအက်စ်ဂျီ၊ လေ့ကျင့်ရေးမှာ တွန်းထိုး ကျီစားနေတဲ့ ဆာလာ-ထရန့် နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပြင်သစ် သတင်းဌာန L’Équipe က လီဗာပူးပွဲကြိုမှာ “Mission Possible” ဆိုပြီး အန်ဖီးမှာ ပီအက်စ်ဂျီတို့ အနိုင်ယူနိုင်ကြောင်း ခွန်အားပေးနေပါတယ်။

ဂက်ပိုဟာ ပီအက်စ်ဂျီပွဲအတွက် ပွဲနေ့ လူစာရင်းမှာ ပါဝင်လာမှာပါ။ သူဟာ တနင်္လာနေ့ လေ့ကျင့်ရေးမှာလည်း ပါဝင်သွားပါတယ်။

မိုဆာလာနဲ့ ထရန့်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက်နေကြပါတယ်။ ရန်ဖြစ်တာ မဟုတ်ဘဲ ကျီစားနေကြတာပါ။

ဒီရာသီမှာ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နဲ့ ကစားခဲ့ပြီဖြစ်ပေမယ့် အဆိုပါ အသင်းအားလုံးရဲ့ အထက်မှာ ပီအက်စ်ဂျီ ရှိနေပါတယ်လို့ အာနယ် ဆလော့က ချီးကျူးပါတယ်။

လီဗာပူးအသင်းဟာ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်လောက်တောင် မကောင်းဘူးလို့ ပီအက်စ်ဂျီ ကစားသမားတွေ ခံစားမိနေတဲ့အပေါ် ဘာမှ ပြောစရာမရှိဘဲ မနက်ဖြန် ပွဲပြီးရင် အဲ့အမြင် ပြောင်းသွားအောင် လုပ်ပြနိုင်ဖို့လည်း အာရုံစိုက်တယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။

ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခြင်း မရှိဘူးလို့ ဂျိုတာက ဝန်ခံလိုက်ပါတယ်။ သူ့ရဲ့ ပုံစံကောင်းတွေကို ပြနိုင်ဖို့ ကြိုးစားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘုန်းမောက် ဘယ်အစွန်လူ မီလိုစ့်ကာဇ့်ကို ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ဒီနွေမှာ ခေါ်ယူနိုင်ရေး ကြိုးစားနေပါတယ်။

မန်နေဂျာနဲ့ အသင်းခေါင်းဆောင်က ပီအက်စ်ဂျီပွဲမှာ အန်ဖီးက အကူအညီပေးကြပါရန် တောင်းဆိုနေတာကြောင့် အသင်းကို ကူညီနိုင်ရေး အလံတွေ သယ်လာကြဖို့နဲ့ အင်အားပြကြဖို့ မာဆေးဆိုဒ် ဒေသခံ လီဗာပူးပရိသတ် အဖွဲ့ကြီးတွေက လှုံ့ဆော်နေပါတယ်။

လီဗာပူးလည်း ခြေချော်နိုင်တယ်လို့ တောက်လျှောက် ပြောနေတဲ့ အာဆင်နယ် ကစားသမားတွေကို ကိုယ့်ဘာသာလည်း အဆင့် ၅ မရောက်အောင် အာရုံစိုက်ဦးလို့ ဂန်းနားကစားသမားဟောင်း ပေါမာဆန်က သတိပေးလိုက်ပါတယ်။