

ကာရာဘောင်းဖလား ဖိုင်နယ်မှာတော့ ကလယ်ဟာထက် အယ်လီဆန်ပဲ ပွဲထွက်လာဖို့ များနေပါတယ်။
ထရန့်ရဲ့ ဒဏ်ရာဟာ ကာရာဘောင်းဖိုင်နယ်ကို လွဲဖို့ သေချာသွားပေမယ့် ကာလရှည် အနားယူရမှာမျိုး မဟုတ်ပါဘူး။ ဒီရာသီမှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဦးမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်းနေရာမှာ ရေရှည်အတွက် ရည်ရွယ်ပြီး ကစားသမားတစ်ဦးကို အားဖြည့်ဖို့ရှိပါတယ်။ အဲ့အတွက်လည်း လူငယ်ကြယ်ပွင့် ၉ ဦးထိကို ချိန်ရွယ်ထားပါတယ်။
ဘုန်းမောက် ဘယ်အစွန်လူ မီလိုစ့်ကာဇ်နဲ့ လီဗာပူးတာဝန်ရှိသူတွေ စကားပြောမှုဟာ တိုးတက်တဲ့အဆင့်ကို ရောက်ရှိသွားပြီလို့ ကစားသမားရဲ့ အေးဂျင့်ဟောင်းက ထုတ်ဖော်ပါတယ်။
မိုဆာလာဟာ ဒီရာသီ ဘလွန်းဒီအောဆု ရေပန်းစားမှုမှာ တတိယနေရာကို ကျဆင်းသွားပါတယ်။ လက်တလောမှာ ရာဖင်ညာက ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဒုတိယနေရာမှာ အမ်ဘာပေဖြစ်ပါတယ်။
ဒီနွေမှာ တိုက်စစ်ကို ပြောင်းလဲလိုနေတဲ့ လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်ကို ရောင်းချပြီး အီဆက်ကို ခေါ်ယူလိုနေဆဲဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူး ညာအစွန်လူ ထရန့်အား ကမ်းလှမ်းမှု စပေးလိုက်ပြီဖြစ်ပါတယ်။ ထရန့်ဟာ ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်မှာဖြစ်ကာ အခုချိန်ထိတော့ သက်တမ်းတိုးဖို့ သဘောတူထားခြင်း မရှိပါဘူး။
သူ့ရဲ့ အနာဂတ်ဟာ ဘာဖြစ်မယ်ဆိုတာကို အခုထိ မသိသေးပါဘူးလို့ ဗန်ဒိုက်က ထုတ်ပြောလာပြီး စာချုပ်သစ်က တိုးတက်တဲ့ အခြေအနေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပါတယ်။
လီဗာပူးအသင်းမှာ ၃၀ အထက် ကစားသမားတွေ များလွန်းနေပြီး အဲ့ထဲက ၄ ဦးဟာ အဓိက ပွဲထွက်ကစားသမားတွေဖြစ်နေတာက လာမယ့်ရာသီ အသင်းရဲ့ ကစားအားအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း ထောက်ပြခံနေရပါတယ်။