

နယူးကာဆယ် တိုက်စစ်မှူး အီဆက်ဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်သမားတွေလို တူညီတဲ့ အရည်အချင်းပိုင်းမှာ ရှိသူအဖြစ် နည်းပြအာနယ် ဆလော့က ချီးကျူးပါတယ်။
ကာရာဘောင်းဖလား ယှဉ်ပြိုင်ရမှာကို ကျေနပ်နေတဲ့ ဆာလာကတော့ ပြိုင်ဘက်က လီဗာပူးကို ဂုဏ်ပြုပေးဖို့ ဖိုင်နယ် တက်လာခြင်း မဟုတ်ဘူးလို့ အသင်းဖော်တွေကို သတိပေးပါတယ်။
နွေစျေးကွက်မှာ တိုက်စစ်ပိုင်း အင်အားဖြည့်ရေးကို အာနယ် ဆလော့ဘက်က မီးစိမ်းပြထားပြီပြီလို့ သိရပါတယ်။ လီဗာပူးကင်းထောက်တွေဟာ ဒီတလောမှာ ခံစစ်၊ ဘယ်အစွန်နဲ့ တိုက်စစ်ပိုင်းကို ဦးစားပေးနေတာပါ။
လီဗာပူးရဲ့ ထိပ်တန်း အစားထိုးရေး ပစ်မှတ်ဟာ တိုက်စစ်မှူးနေရာ ဖြစ်လာနိုင်သော်လည်း စျေးကွက်ထဲမှာ တိုက်စစ်မှူးကောင်း ရှားပါးနေသလို အပြိုင်အဆိုင် ချိတ်ဆက်မယ့် ကလပ်တွေလည်း များနေတာကို အသင်းဘက်က သတိပြုမိပါတယ်။
မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ ၃ ဦးလုံးကို လီဗာပူးအသင်း ဆက်ထိန်းနိုင်ရေးက မဖြစ်နိုင်သလောက် ရှိနေပြီး စာချုပ်အောင်မြင်နိုင်တာ ရှိသလို အလွတ်နဲ့ထွက်သွားသူ ရှိလာနိုင်တယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဆိုပါတယ်။
နယ်သာလန်ဖွား စပိန်ခံစစ်မှူး Huijsen ကို ခေါ်ယူဖို့ဆိုရင် စာချုပ်ပါကြေး ပေါင် သန်း ၅၀ ပေးရမှာဖြစ်ကာ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ လူငယ်လေးဟာ ကာလရှည်အတွက် သင့်လျောသူအဖြစ် လီဗာပူးဘက်က မြင်နေပါတယ်။
ဒီနွေမှာ ဂရစ်စမန်း ထွက်ခွာသွားရင် ဒါဝင်ကို ခေါ်ယူဖို့ကို အက်သလက်တီကိုဘက်က စိတ်ဝင်စားမှု ရှိပါတယ်။ လီဗာပူးကတော့ ပေါင် သန်း ၆၀ ဝန်းကျင်ရမယ်ဆိုရင် ဥရုဂွေး တိုက်စစ်မှူးကို လက်လွတ်သွားမှာပါ။
ဘုန်းမောက် အစွန်လူ မီလိုစ့်ကာဇ့်နဲ့ သတင်းထွက်နေပေမယ့် လီဗာပူးအသင်းဟာ အေဂျက်အသင်းမှ Jorrel Hato ကိုလည်း ဆက်တိုက် ကင်းထောက်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် ခံစစ်သမားဟာ ဘယ်အစွန်လူအဖြစ်ကော ဘယ်ခြမ်း ခံစစ်မှူးအဖြစ်ပါ ကစားနိုင်ပါတယ်။
အင်္ဂလန်ပြင်ပ သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါဘက်ကိုလည်း မျက်လုံးဖွင့်ထားပြီး ဖရန့်ဖတ်အသင်းမှ တိုက်စစ်သမား Ansgar Knauff ကို စောင့်ကြည့်နေတယ် ဆိုပါတယ်။