အာဂျင်တီးနား သတင်းစာတွေမှာတော့ လီဗာပူးနဲ့ အယ်လစ္စတာကြား အပြောင်းအရွှေ့ ကိစ္စဟာ အတော်လေး ကျယ်ပြန့်စွာ ဖော်ပြခံနေရပြီး စာချုပ်ပါ အချက်အလက်တွေထိ ပါဝင်လာနေခဲ့ပါပြီ။
ယာဂင်ကလောပ့်ဟာ ကွင်းလယ်ကို အဓိက ခေါ်ယူမှာဖြစ်ကာ ၂၀၂၅ ခုနှစ်ထိ ဘရိုက်တန်နဲ့ စာချုပ်ရှိထားတဲ့ အယ်လစ္စတာကို ဦးစားပေး ပစ်မှတ်အဖြစ် ချိန်ရွယ်လာခဲ့ပါတယ်။ အပြောင်းအရွှေ့ ကိစ္စဟာ ဇွန်လထဲမှာ တရားဝင် ပြီးမြောက်မယ်လို့ ယုံကြည်နေကြပြီ ဖြစ်ပါတယ်။
အာဂျင်တီးနား သတင်းစာ La Nacion ရဲ့ အဆိုအရ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်လူအတွက် လီဗာပူးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ပေးမယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ အပြောင်းအရွှေ့ ရိုမန်နို ဖော်ပြထားတဲ့ ပေါင် ၆၅ သန်းထက် နည်းလိမ့်မယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီနေပါတယ်။
လက်ရှိ ဘရိုက်တန်မှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀ ရနေတဲ့ ကွင်းလယ်လူကို လီဗာပူးဘက်က နှစ်ဆအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ပေးမှာဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။ စာချုပ်မှာတော့ လီဗာပူးဘက်က ဆန္ဒရှိရင် နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်သွားပါမယ်။
အန်ဖီးထံ ကမ္ဘာ့ဖလား ချန်ပီယံ ပြောင်းရွှေ့ရေး ကိစ္စတွေ ပြီးမြောက်ထားပြီလို့ အာဂျင်တီးနား အားကစားရုပ်သံ TyC Sports က ဖော်ပြပြီး ရက်ပိုင်းအကြာမှာပဲ အာဂျင်တီးနား ပြည်တွင်းမှာ အပြောင်းအရွှေ့ ကိစ္စ ကျယ်ကျယ်လောင်လောင် ဖော်ပြလာနေတာပါ။
လီဗာပူးဟာ အယ်လစ္စတာကို ခေါ်ယူဖို့ ချယ်ဆီးအသင်းနဲ့ အဓိက ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ ကလပ်က ပေးမယ့် ပေါင် သန်း ၆၀ ဟာ အာဂျင်တီးနား ကစားသမားတွေထဲမှာ စတုတ္ထ တန်ကြေးအမြင့်ဆုံး လို့လည်း သိရပါတယ်။