

စာချုပ်ကိစ္စက စိတ်ပူစရာ အခြေအနေ မဟုတ်ဘူးလို့ ခံစစ်မှူး ဗန်ဒိုက်က ထုတ်ပြောလာပါတယ်။ ကြည့်ရတာ အသင်းနဲ့ ဗန်ဒိုက်ကြား စကားပြောမှုက တိုးတက်မှုရှိဟန် တူပါတယ်။
ဒီရာသီ သူ့ရဲ့ selfie မှတ်တမ်းတွေဟာ ရာသီကုန်လို့ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ရင် ပြီးဆုံးပါမယ်လို့ ဆာလာက ဆိုပါတယ်။
သောကြာနေ့ အသင်းလိုက် လေ့ကျင့်ရေးမှာ အီဘူး ပါဝင်သွားနိုင်ပါတယ်။ သူဟာ ကာရာဘောင်းဖိုင်နယ်မှာ ပွဲထွက်ကနေ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
ဒါဝင် နူးညက်စ်ရဲ့ အနာဂတ် မသေချာဖြစ်နေခြင်းကြောင့် လီဗာပူးအသင်းရဲ့ အကြီးတန်း အရာရှိတွေဟာ နံပါတ် ၉ တိုက်စစ်သမားသစ်ကို ရှာဖွေနေတာ သေချာနေပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။
ဒါဝင်နဲ့ ကာတစ်တို့ ပင်နယ်တီလွဲတယ်ဆိုတာဟာ ဘောလုံးမှာ ဖြစ်တတ်တဲ့အရာဖြစ်ပြီး တာဝန်ယူလိုစိတ်ရှိတဲ့သူတွေဟာ လွဲချော်မှုလည်း ရှိမှာဖြစ်တယ်လို့ အာနည် ဆလော့က အသိအမှတ်ပြုစကား ပြောပါတယ်။
အီဆက်ကို လီဗာပူးအသင်း တာဝန်ရှိသူတွေ အထင်ကြီးမှု ရှိထားပြီး ဒီနွေမှာ ကြိုးစားမယ့် အလားအလာ မြင်လာရပေမယ့် သူ တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဟာ တိုက်စစ်အတွက် အေတီကိုအသင်းမှ အာဂျင်တိုင်းသား တိုက်စစ်သမား အဲဗာရက်စ်ကို တစ်ကျော့ပြန် စိတ်ဝင်စားနေပါတယ်။ လီဗာပူးဟာ မန်စီးတီးထံ အဲဗာရက်စ် မရောက်ခင်တည်းက ကင်းထောက်စောင့်ကြည့်ဖူးပါတယ်။
မန်စီးတီးကနေ အဲဗာရက်စ် ထွက်ခွာဖို့ ကြိုးစားစဉ်မှာ လီဗာပူးဘက်က မန်ချက်စတာ ကလပ် တာဝန်ရှိသူတွေနဲ့ စကားပြောမှု လုပ်ခဲ့ပါသေးတယ်။ စီးတီးဘက်က ဒီယက်ဇ်ကို တောင်းဆိုခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
နွေတုန်းက ဒီယက်ဇ်ကို မန်စီးတီးဘက်က စိတ်ဝင်စားခဲ့သေးသလို ဘာစီလိုနာကလည်း ကိုလံဘီယာ တိုက်စစ်သမားကို အတော်လေး သဘောကျနေတာဖြစ်ကြောင်း သတင်းထောက် David Ornstein က အတည်ပြုပါတယ်။