

လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ ဒီအပတ်ထဲမှာ ဂူဟီ၊ ဂေါ်ဒန်တို့ရဲ့ အေးဂျင့်အဖွဲ့နဲ့ စကားပြောမှု ပြုလုပ်ခဲ့ပါတယ်။ နှစ်ဦးလုံးကတော့ အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ထားခဲ့ဖူးပါတယ်။
အင်္ဂလန် ခံစစ်မှူး ဂူဟီကို ခေါ်ယူရေးမှာ လီဗာပူးအသင်းဟာ နယူးကာဆယ်၊ ချယ်ဆီးတို့နဲ့ အပြိုင်အဆိုင် ကြိုးစားရဖွယ် ရှိနေပါတယ်။ ကလပ်တွေဟာ homegrown ကစားသမား လိုအပ်ချက် ကြီးမားနေတာဖြစ်ပါတယ်။
ဖိုင်နယ်ကို အနိုင်ရမယ်ဆိုရင် ဒီရာသီအတွက် ပထမဆုံး ဆုဖလားဖြစ်မှာမို့လို့ အသင်းသားတွေက အတော်လေး ဆာလောင် ပြင်းပြနေကြတယ်လို့ ဂက်ပိုက ပြောလာပါတယ်။
ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းဖလား ဖိုင်နယ်အတွက် နယူးကာဆယ်ပရိသတ်တွေဟာ မြို့တော်ကို ရောက်ရှိနေကြပါပြီ။
ဖေဖော်ဝါရီလရဲ့ ပရီးမီးယားလိဂ် တလတာအကောင်းဆုံး ကစားသမားဆုကို ဆိုဘိုက ရရှိသွားပါတယ်။
ကာရာဘောင်းဖလား ဖိုင်နယ်မှာ အသင်းရဲ့ ညာအစွန်လူအဖြစ် ကွမ်းဆက် ပါဝင်လာမယ်လို့ အသံထွက်နေပါတယ်။
အာနယ် ဆလော့ဟာ ညာခြမ်းမှာ ထရန့်၊ ကော်နာတို့နဲ့ မတူညီတဲ့ ပုံစံမျိုးနဲ့ ကွမ်းဆက်ကို သုံးတော့မယ်လို့ သိရပါတယ်။ ဒါဟာ ရေရှည်အတွက် ရည်ရွယ်တဲ့ ပလန်မျိုးကို စတင်လိုက်ခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
အဲဗာရက်စ်ရဲ့ အေးဂျင့်ကတော့ မနှစ်ကနွေမှာ လီဗာပူးအသင်းဟာ သူ့ကစားသမားကို စိတ်ဝင်စားခဲ့တာ မှန်ကန်ကြောင်း ထုတ်ဖော်လိုက်ပါတယ်။ လက်ရှိမှာတော့ လာလီဂါကလည်း အကျိတ်အနယ်ရှိနေတာမို့ အနာဂတ်အကြောင်း မပြောလိုသေးဘူးလို့ သူက ဆိုပါတယ်။
ဘာစီလိုနာ ဒါရိုက်တာ ဒေကိုဟာ ဒီယက်ဇ်ကို သူတို့အသင်းအတွက် ကောင်းမွန်တဲ့ အင်အားဖြည့်မှုဖြစ်မယ်လို့ မြင်နေပါတယ်။ ဒီနွေမှာ ယူရိူ သန်း ၇၀-၇၅ ဝန်းကျင်ဖြင့် ချိတ်ဆက်လာဖွယ် ရှိပါတယ်။
မန်စီးတီးဟာ ဇယားထိပ်က လီဗာပူးနဲ့ ၂၂ မှတ်ထိ ပြတ်သွားခဲ့ပါပြီ။ ဗြိတိန်သတင်းထောက်တွေကတော့ ယူနိုက်တက် နည်းပြဟောင်း တန်ဟက် ပြောခဲ့သလိုပဲ ခေတ်တစ်ခုဟာ အဆုံးသတ်ချိန် ရောက်လာနေပြီလို့ မှတ်ချက်ပေးနေကြပါတယ်။