ထိုက်တန်တဲ့ အရှုံးရလဒ်ကို ရခဲ့ခြင်း၊ ကင်ဆာလိုဖြစ်လာတဲ့ တိုက်စစ်ကစားသမားများ၊ နောက်ပြန်ဆုတ်တာ မမြင်လိုရင် သွေးသစ်လောင်းဖို့ တိုက်တွန်းခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ကာရာဘောင်းချန်ပီယံဖြစ်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ထိုက်တန်စွာ ချန်ပီယံဖြစ်ခဲ့တာပါလို့ လီဗာပူးပရိသတ်တွေက ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ဒီပွဲအတွက် တည်ကန်ဘောပိုင်းကို ပြီးခဲ့တဲ့ ၂ ပတ်တည်းက သေချာလေး လေ့ကျင့်ခဲ့တယ်လို့ အတ်ဒီဟောင်က ထုတ်ပြောပါတယ်။

ချန်ပီယံလိဂ်၊ ကာရာဘောင်းတို့မှာ ဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်ကို သေချာလေး အာရုံစိုက်ရပါမယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။

နိုင်ငံတကာ သီတင်းပတ်ကြောင့် အင်္ဂလန်ပြည်တွင်းမှာ ပွဲတွေ ကစားရဖို့ မရှိဘဲ လီဗာပူးရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲဟာ ဧပြီလ ၃ ရက်နေ့ အဲဗာတန်နဲ့ပွဲဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် မိုဆာလာဟာ ပီအက်စ်ဂျီပွဲမှာကော နယူးကာဆယ်ပွဲမှာပါ သာမာန်ခြေစွမ်းအောက် နိမ့်ပါးနေပေမယ့် သူ့ကို လူစားလဲနိုင်ခြင်း မရှိတာဟာ လာမယ့်ရာသီ လီဗာပူး ညာခြမ်းအတွက် စိတ်ပူစရာအဖြစ် ထောက်ပြနေကြပါတယ်။

နာမည်ကျော် လီဗာပူးသတင်းထောက်တွေကတော့ အသင်းဟာ နောက်ပြန်ဆုတ်မှုတွေ ဖြစ်ပွားမလာခင် တိုက်စစ်ကို သွေးသစ်လောင်းရမယ်လို့ ခေါင်းကြီးသတင်းတွေဖြင့် ထုတ်ဖော်နေကြပါတယ်။

တိုက်စစ်က ဒီယက်ဇ်၊ ဂျိုတာ၊ ဒါဝင်တို့ ၃ ဦးဟာ လီဗာပူးအသင်းမှာ ကင်ဆာလို ကစားသမားတွေဖြစ်လာနေပြီး သူတို့ ၃ ဦးလုံးကို ရှင်းထုတ်ကာ လူသစ်တွေကို အစားထိုးဖို့ အချိန်တန်လာပြီဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေဟာ ဒါဝင်ရဲ့ အဆုံးသတ် ညံ့ဖျင်းမှု၊ ဆုံးဖြတ်ချက် မမှန်ကန်မှုတွေကို သိသိသာသာ ဝေဖန်နေကြပေမယ့် ဂျိုတာနဲ့ ဒီယက်ဇ်တို့ဟာ ပွဲထွက်မှာ ဆက်မရှိသင့်တော့တဲ့ ခြေစွမ်းပိုင်ရှင်တွေထဲ ပါဝင်နေတယ်လို့ ထောက်ပြလာကြပါတယ်။

ရာသီဝက်မှာ တောက်လျှောက် ထူးချွန်ခဲ့တဲ့ ဆိုဘို၊ မာကာ၊ ဂရာဗင်ဘက်ချ် ကွင်းလယ်အတွဲဟာ ဒုတိယရာသီဝက်မှာ သိသိသာသာ စွမ်းဆောင်ရည် ကျဆင်းနေပြီး ဒါဟာ အခြားသော အသင်းဖော်တွေအတွက် လှုပ်အားနှုန်း ပိုထုတ်ခဲ့ရတဲ့ အကျိုးဆက်ကို ခံစားလာရခြင်းလို့ ရှုမြင်နေကြပါတယ်။

ပရီးမီးယားလိဂ်ကို ၁၂ မှတ်ဖြတ်ထားပေမယ့် နောက်ပိုင်း ခြေစွမ်းတွေအရ လက်ကျန် ၉ ပွဲမှာ လီဗာပူးအသင်း အနည်းဆုံး ၃ ပွဲလောက်တော့ ရှုံးနိမ့်နိုင်တယ်လို့ ဗြိတိန်ရေဒီယို တင်ဆက်သူတွေက ဆိုပါတယ်။