

ဒီရာသီ ပရီးမီးယားလိဂ် တစ်ခုတည်း အောင်မြင်ရင် လီဗာပူးအသင်း ကျရှုံးတာလားလို့ ဗြိတိန်မီဒီယာတွေက အံ့အားသင့်ဖွယ် မေးခွန်းထုတ်လာပါတယ်။
အသင်းဟာ အရှုံးရလဒ်တွေကနေ တုန့်ပြန်ပြပါမယ်လို့ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်က ပြောပါတယ်။ အသင်းဟာ စုစုစည်းစည်းရှိနေရမယ်လို့ စီနီယာတွေက သတိပေးလာတာပါ။
မိုဆာလာဟာ ဒီရာသီ လီဗာပူးသွင်းဂိုး စုစုပေါင်းရဲ့ ၅၁% ထိကို ပါဝင်ကူညီထားသူပါ။ ဒီနောက်ပိုင်းပွဲအချို့မှာ မိုထံက ပံ့ပိုးမှုတွေ မရတဲ့နောက် လီဗာပူးအသင်း ဂိုးရှာနိုင်စွမ်း နိမ့်ကျလာတာဟာ နည်းပြအာနယ် ဆလော့အတွက် ခေါင်းခဲရမယ့် ကိစ္စဖြစ်လာပါတယ်။
ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ဟာ နောက်ဆုံး ကစားထားတဲ့ ၄၁ ပွဲမှာ ၃ ဦးပေါင်း သွင်းဂိုး ၃ ဂိုးပဲ ရှိထားပါတယ်။
လီဗာပူးအသင်းဟာ အီဆက်နဲ့ နီးစပ်သူတွေကို ချိတ်ဆက်မှု စတင်နေပြီး နွေမှာ ခေါ်ယူရေးအတွက် ကြိုးစားနေပါတယ်။
ဒီယက်ဇ်ကို ဘာစီလိုနာအပြင် ဆော်ဒီဘက်ကလည်း စိတ်ဝင်စားမှုရှိပြီး ဒီနွေမှာ ချိတ်ဆက်မှု ပြုလုပ်လာနိုင်ကြောင်း အသံထွက်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ၁ နှစ်ထပ်တိုးခွင့်ပါဝင်တဲ့ ၂ နှစ် စာချုပ်ဖြင့် ဗန်ဒိုက်ကို ခေါ်ယူနိုင်ရေး ချဉ်းကပ်နေပါတယ်။ အဆိုပါ စာချုပ်အရ ဗန်ဒိုက်ဟာ ၃ နှစ်အတွင်း ယူရို သန်း ၈၀ ကနေ သန်း ၁၀၀ ထိ လုပ်ခရမှာပါ။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အသင်းတွင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဒီနွေမှာ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတွေ မြင်ရမယ်လို့ paul joyce က ဆိုပါတယ်။
ကာရာဘောင်းဖလား ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ခြင်းအတွက် အီဘူးက ပရိသတ်တွေကို တောင်းပန်စကား ပြောဆိုပါတယ်။ သူ့ရဲ့ ပြောဆိုမှုကို ပရိသတ်တစ်ဦးက ဆင်ခြေတွေ ပေးလွန်းတယ်လို့ ဝေဖန်ရာမှာတော့ အီဘူးက ‘မင်းပဲ လာဝင်ကန်လိုက်ပါလာကွား’ လို့ တုန့်ပြန်သွားပါတယ်။