ဒါဝင်ကို ယူရို ၃၅ သန်းဖြင့် ချိတ်ဆက်လာဖွယ် ရှိခြင်း၊ မိုဆာလာကို ဆော်ဒီဘက်က ခေါ်ဖွယ် မရှိ၊ ကလယ်ဟာအတွက် ပေါင် ၂၅ သန်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒါဝင် နူးညက်စ်က ပီအက်စ်ဂျီပွဲမှာလို ဂိုးအတွက် ကူညီပေးနိုင်ပြီး ယုံကြည်မှု တိုးတက်လာချိန် နောက်ပွဲကျ အရန်ခုံ ပြန်ထိုင်ခိုင်းတာဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေကြောင်း လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းချိန် ထုတ်ပြောသွားပါတယ်။

မိုဆာလာဟာ ဘလွန်းဒီအောဆု ရေပန်းစားမှုမှာ နံပါတ် ၆ နေရာကို ထိုးကျသွားပြီဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ ဒီနွေမှာ မိုဆာလာကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတင်း ပျံ့နှံ့လာပါတယ်။ ဒါဟာ အီဂျစ်သားက လီဗာပူး ဒါမှမဟုတ် ဥရောပမှာပဲ ဆက်နေမယ်လို့ နားလည်ရပါတယ်။

နယ်သာလန်နဲ့ လေဗာကူဆင် ညာအစွန်လူ ဘရန့်ပေါင်ဟာ လက်ရွေးစင်အသင်း တွေ့ဆုံမှုမှာ ဗန်ဒိုက်၊ ဂရာဗင်ဘက်ချ်တို့ကို မာဆေးဆိုဒ်လေသံအတိုင်း နှုတ်ဆက်နေတာကြောင့် နွေမှာ အပြောင်းအရွှေ့ ဖြစ်လာမလား မှန်းဆနေကြပါတယ်။

အေတီကိုဟာ လီဗာပူးဘက်က ပေါင် သန်း ၆၀ စျေးပစ်ထားတဲ့ ဒါဝင်ကို ယူရို ၃၅-၄၀ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းလိုနေပါတယ်။

ဘုန်းမောက်အသင်းဟာ လီဗာပူးဂိုးသမား ကလယ်ဟာကို ခေါ်ယူလိုရိပ် ပြသနေပါတယ်။ ပရီးမီးယားလိဂ်နဲ့ ဥရောပပွဲ အတွေ့အကြုံရှိ ဂိုးသမားအတွက် ပေါင် ၂၅ သန်းထက် ပိုပေးဖို့ လိုပါမယ်။

ဗန်ဒိုက်နဲ့ ပီအက်စ်ဂျီကြား ၃ နှစ်စာချုပ်ကိစ္စ ဆွေးနွေးနေကြောင်း သတင်းကို ပြင်သစ်သတင်းထောက်တွေက စတင် ငြင်းဆန်လာပါတယ်။

အေတီကိုဘက်က သူတို့ရဲ့ အားထားရတဲ့ တိုက်စစ်မှူး အဲဗာရက်စ်ကို လီဗာပူးထံ ရောင်းချစရာ အကြောင်းမရှိဘူးလို့ ဆိုလာပါတယ်။

ဘုန်းမောက် ခံစစ်မှူး Dean Huijsen က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။