ဆာလာစာချုပ် ကိန်းဂဏန်း သဘောတူညီမှုမရသေး၊ အီဘူးကို ယူရို သန်း ၆၀ ဖြင့် ထွက်ခွင့်ပေးဖွယ်ရှိ၊ မီလိုစ့်ကာဇ်နဲ့ စကားပြောခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒဏ်ရာက ပြန်သက်သာလာတဲ့ ဂက်ပိုဟာ လက်ရွေးစင်အသင်းမှာ နယ်သာလန်အတွက် ခြေစွမ်းပြ ကစားနိုင်ကာ ကိုယ်တိုင် ဂိုးသွင်းသွားပါတယ်။

ခံစစ်မှူး အီဘူးဟာ လက်ရွေးစင်အသင်းမှာ ဒဏ်ရာရသွားတယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ကဆိုပါတယ်။ ဒါပေမယ့် ပြင်သစ်ပြည်တွင်းသတင်းတွေကတော့ ဒဏ်ရာမရဘူးလို့ သတင်းဖော်ပြသွားပါတယ်။

စာချုပ်သစ် သဘောတူညီမှု မရသေးတဲ့ အီဘူးကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပြီး ကစားသမားရဲ့ စာချုပ်မှာ ယူရို သန်း ၆၀ ဖြင့် အသင်းပြောင်းခွင့် ရှိနေပါတယ်။

လီဗာပူးနဲ့ ဆာလာကြား စာချုပ်သစ်ကိစ္စမှာ ကိန်းဂဏန်းတွေ သဘောတူညီမှုရဖို့ လိုပါတယ်။ ကိန်းဂဏန်းဆိုတာက လုပ်ခ၊ စာချုပ်သက်တမ်း အစရှိတာတွေဖြစ်ပါတယ်။ နှစ်ဘက်လုံးကတော့ ဆက်လက် လက်တွဲလိုနေဆဲပါ။

တိုးတက်မှုနှေးပေမယ့် ဗာပူးအသင်းဘက်က ထရန့်နဲ့ သက်တမ်းတိုးစာချုပ်ကိစ္စ ဆက်လက် စကားပြောနေဆဲ အခြေအနေဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းမှ ဟန်ဂေရီ ဘယ်အစွန်လူ မီလိုစ့်ကာ့ဇ်နဲ့ အပြောင်းအရွှေ့ကိစ္စ စတင် စကားပြောနေပြီး တိုးတက်တဲ့ အခြေအနေ မရောက်သေးပါဘူး။

လက်ရွေးစင်အသင်းမှာ ဒဏ်ရာရလာတဲ့ ဂရာဗင်ဘက်ချ်ဟာ နယ်သာလန်လူစာရင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကာ လာမယ့်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။

ဇန်နဝါရီမှာ ဆော်ဒီဘက်က ဒါဝင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံး အချိန်ရောက်မှ အစားထိုးစရာ ကစားသမားရှာမရတာကြောင့် လီဗာပူးဘက်က တိုက်စစ်မှူးကို ဆက်ထိန်းသွားတာလို့ သတင်းထွက်နေပါတယ်။

ဗန်ဒိုက်နဲ့ ပီအက်စ်ဂျီကိစ္စ သတင်းကြီးနေပေမယ့် လီဗာပူးအသင်းက ဗန်ဒိုက်ကို သက်တမ်းတိုးနိုင်မယ် ယုံကြည်ကြောင်း သတင်းထောက် David Ornstein က ပြောပါတယ်။

ဘုန်းမောက် ခံစစ်မှူး Dean Hujisen ကို လီဗာပူးဘက်က စိတ်ဝင်စားနေတာ မှန်ပေမယ့် ကမ်းလှမ်းမှုတွေပေးပြီး အရခေါ်ယူမလားဆိုတာကို ဗြိတိန်သတင်းထောက်တွေက မသေချာသေးပါဘူး။