

ညာအစွန်လူထရန့်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ညာအစွန်လူဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီးလောက်တည်းက ဒီဆုံးဖြတ်ချက်ကို ချခဲ့တာလို့ စပိန်သတင်းတွေက ဆိုပါတယ်။
ကလပ်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့တဲ့ ကစားသမားတစ်ယောက်က အသင်းကို အကျိုးအမြတ် တစုံတရာ မရစေဘဲ အလွတ်ဖြင့် ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ရင် ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ကာရေဂါက စတင် ဝေဖန်လိုက်ပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ ဒီနွေမှာ မိုဆာလာကို အလွတ်ဖြင့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် မရှိတော့ပါဘူး။ မိုဆာလာဟာ ဥရောပမှာပဲ ဆက်ကစားလိုစိတ် ပြင်းထန်နေတာကို ၎င်းတို့ သိရှိခဲ့တာကြောင့် ကွင်းလယ်ကိုပဲ အားဖြည့်တော့မှာပါ။
ဘုန်းမောက် ခံစစ်မှူး Dean Huijsen ရဲ့ ဖခင်ဖြစ်သူကတော့ သားဖြစ်သူကို စပိန်မြေထံ ပြောင်းရွှေ့ကစားစေဖို့ပဲ မျှော်လင့်နေပါတယ်။
လီဗာပူးအသင်းဟာ ထရန့်ကို ကောင်းမွန်တဲ့ လုပ်ခပါဝင်တဲ့ စာချုပ်ရှည် ပေးခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ သူရမယ့် လုပ်ခဟာ လီဗာပူးပေးတဲ့ စာချုပ်ထက် ပိုကောင်းမနေဘူးလို့ သိရပါတယ်။
အင်္ဂလန်ပြည်တွင်းသတင်းဌာနဖြစ်တဲ့ စကိုင်းစပေါ့ကတော့ ထရန့်ကို လီဗာပူးဘက်က စာချုပ်ကောင်းပေးခဲ့ကြောင်းနဲ့ အင်္ဂလန်သားဟာ နောက်ရာသီ လာလီဂါမှာ ရှိနေမယ် သေချာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ ကွင်းလယ်အတွက် ဇူဘီမန်ဒီကိုလည်း စာချုပ်ပါကြေး ယူရို သန်း ၆၀ ပေးပြီး ခေါ်ယူနိုင်ဖို့ အားထုတ်သွားဦးမှာ ဖြစ်ပါတယ်။
ဒီယက်ဇ်နဲ့ မာကာတို့ဟာ လက်ရွေးစင်အသင်း ပွဲတွေမှာ ပွဲထွက်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။
လီဗာပူးအသင်းဟာ အဲဗာတန်အသင်းမှ ခံစစ်မှူး ဘရန့်ဝိတ်ကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ထိ ကုန်ကျပါလိမ့်မယ်။
ကွင်းလယ်လူ အန်ဒိုက အသင်းမှာ သူ့ကို ပရိသတ်တွေ ချစ်ခင်ပေးနေကြတာအတွက် ကျေးဇူးတင်စကား ဆိုပါတယ်။ ဂျာမာန်ကလပ်အချို့က ဒီနွေမှာ အန်ဒိုကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိနေပါတယ်။