

ဒီနွေမှာ ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်ကလပ်တွေ အဆင်ပြေစေဖို့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့စျေးကွက်ကို ဇွန်လ ၁-၁၀ ကြားမှာ ခပ်စောစော စတင် ဖွင့်ပေးသွားမှာပါ။ နောက်တစ်ကျော့ အပြောင်းအရွှေ့ကိုတော့ ဇွန်လ ၁၆ ကနေ စက်တင်ဘာလ ၁ ရက်နေ့ထိ ဖွင့်မှာဖြစ်ပါတယ်။
ကလပ်ရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာပြီး ကလပ်မှာ ဆယ်စုနှစ်နီးပါး ပျိုးထောင်ခံလာရကာက စီနီယာအသင်းမှာလည်း ဆယ်စုနှစ်လောက် ကစားလာသူ တစ်ဦးက အသင်းကို အကျိုးအမြတ် မရစေဘဲ အလွတ်ဖြင့် ထွက်သွားဖို့ ဆုံးဖြတ်တာကို စိတ်ပျက်တယ်လို့ ကာရေဂါက ဆိုပါတယ်။
မိုဆာလာနဲ့ ဗန်ဒိုက်တို့ရဲ့ စာချုပ်သစ်ကိစ္စဟာ တရားဝင် ပြီးမြောက်မှ ပြီးမြောက်တယ်လို့ ပြောနိုင်မယ့် အခြေအနေဖြစ်ပြီး အသင်းနဲ့ ကစားသမားတွေကြား စကားပြောနေကြဆဲပါ။
ဒီနွေမှာ လီဗာပူးအသင်းဟာ များပြားတဲ့ အသုံးစရိတ်ဖြင့် လူသစ် ခေါ်ယူရေးတွေကို အားထည့်လာရဖွယ် ရှိပါတယ်။
အီဆက်ရဲ့ ကိုယ်စားလှယ်တွေဘက်ကတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ သူတို့ ကစားသမားအတွက် နယူးကာဆယ်ကို ချိတ်ဆက်မယ်လို့ သိရှိထားပါတယ်။
လီဗာပူးအသင်းဟာ ကွမ်းဆက်အတွက် နယူးကာဆယ်ဘက်က ပေါင် သန်း ၃၀ ဖြင့် ချိတ်ဆက်လိုခြင်းကို လက်ခံမှာ မဟုတ်ပါဘူး။ ရောင်းရန် မဟုတ်ကြောင်း ဆုံးဖြတ်ထားတဲ့ ကွမ်းဆက်ဟာ ပေါင် သန်း ၆၀ တန်ကြေးရှိတယ်လို့ ကလပ်ဘက်က မြင်ပါတယ်။
လီဗာပူးအသင်းဟာ ထရန့်ထွက်သွားမယ့် ညာခြမ်းခံစစ်ထက် ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ရဲ့ ဘယ်ခြမ်းခံစစ်ကို အားဖြည့်ရေးကပဲ ဦးစားပေးလုပ်သင့်တဲ့ ကိစ္စလို့ ရှုမြင်ပါတယ်။
ဘုန်းမောက် ဘယ်အစွန်လူ မီလိုစ့်ကာဇ့်ကို ခေါ်ယူရေးဟာ တိုးတက်တဲ့ အဆင့်မျိုးထိ မရောက်သေးဘဲ ယခုမှ ကနဦးအဆင့် ချိတ်ဆက်မှုပဲ ရှိနေပါသေးတယ်။
ဘုန်းမောက်အသင်းရဲ့ စပိန်ခံစစ်မှူး Dean Huijsen ရဲ့ အင်္ဂလိပ်လို ကောင်းကောင်းကြီး ပြောဆိုနိုင်စွမ်းဟာလည်း လီဗာပူးကို သဘောကျစေတဲ့ အချက်ဖြစ်ပါတယ်။