အာနယ် ဆလော့ကို ငွေထုတ်ပေးဖို့ ကင်နီ တောင်းဆို၊ မာကာအတွက် ယူရို သန်း ၁၀၀၊ ဗီလာ ကွင်းလယ်လူကို နှစ်သက်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စပိန်ဘက်က သတင်းတွေမှာတော့ မိုဒရစ်နေရာ အစားထိုးဖို့ မာကာကို ခေါ်ယူမယ်ဆိုရင် ယူရို သန်း ၁၀၀ ပေးရမယ်လို့ ဖော်ပြနေပါတယ်။

လီဗာပူးကို ရောက်လာတဲ့ ပထမနေ့တည်းက အသင်းပရိသတ်တွေ သူ့အပေါ် နွေးထွေးစွာ ကြိုဆိုကြမှုကို အယ်လီဆန်က အသိပေးခဲ့ပြီး အသင်းမှာ နောက်တစ်ရာသီ ဆက်ကစားမယ့် အရိပ်အယောင် ပြသနေပါတယ်။

ဒီနွေမှာ အာနယ် ဆလော့အတွက် အသုံးစရိတ်ကြီး ထုတ်ပေးဖို့ ဂန္တဝင်ကြီး ကင်နီက အသင်းကို တောင်းဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ပေမယ့် အာနယ်အတွက် ကစားသမား အပြောင်းအလဲ လိုအပ်လိမ့်မယ်လို့လည်း သတိပေးသွားပါတယ်။

စပါးနဲ့ပွဲမှာ ၂-၁ ဖြစ်စေမယ့် သွင်းဂိုးကို မာကာ သွင်းယူချိန်မှာ Main Stand ရဲ့ အောင်ပွဲခံမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ဟီးမှုဟာ ရစ်ချက်စတာစကေး ၁.၇၄ နဲ့ ညီမျှပါတယ်။

ဖရန့်ဖတ် တိုက်စစ်မှူး အီကီတီကေဟာ လီဗာပူးအသင်း စိတ်ဝင်စားနေတဲ့ နံပါတ် ၉ တိုက်စစ်မှူးစာရင်းထဲ အီဆက်နဲ့အပြိုင်ဖြစ်လာနေပါတယ်။

အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာကို လီဗာပူးဘက်က မကြာခဏ ကင်းထောက်သွားကြည့်မှုတွေ လုပ်နေပေမယ့် သူ့ကို ခေါ်ယူရေး လွယ်ကူမှာ မဟုတ်ဘူးလို့ ဗြိတိန်သတင်းထောက်တွေက ပြောပါတယ်။

ဘယ်အစွန်မှာ တိုက်စစ်အားသန် ကစားသမားကို ဖြည့်တင်းဖို့ လီဗာပူး ရွေးချယ်တဲ့အခါ ဝုဗ်အသင်းမှ နိုရီဟာလည်း ပစ်မှတ်တစ်ခုဖြစ်လာနိုင်ပါတယ်။

ဘုန်းမောက် ခံစစ်မှူး ဟက်ဆန်ကို ခေါ်ယူနိုင်ရေး နယူးကာဆယ်ဘက်က ချိတ်ဆက်မှု စတင်နေတယ်လို့ အသံထွက်နေပေမယ့် အပြောင်းအရွှေ့ အခြေအနေ တိုးတက်ဖို့တော့ ခက်ခဲနေဆဲဖြစ်ပါတယ်။