

အမှတ်ပေးဖလား အောင်မြင်ပြီးတဲ့နောက် အာနယ် ဆလော့ကို ယာဂင်ကလော့ပ်က တိုက်ရိုက် ချီးကျူးခဲ့ပြီး အခုဆိုရင် မင်းကလည်း အသင်းရဲ့သမိုင်းထဲ ပါဝင်သွားပါပြီလို့ ဂုဏ်ပြုခဲ့တယ်လို့ အာနယ်ဆလော့က ထုတ်ဖော်ပါတယ်။
ဒီ ၁၀ နှစ် လုံးလုံးမှာ လီဗာပူးအသင်းဟာ ဆုဖလားတွေအတွက် တိုက်ခိုက်နေခဲ့တဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံနေရာကို ထိုက်ထိုက်တန်တန် ရခဲ့တာအတွက် ဂုဏ်ပြုပါတယ်လို့ အာဆင်နယ် နည်းပြအာတီတာက ပြောပါတယ်။
မိုဆာလာက သူ့ရဲ့ ဖုန်းထဲမှာ ဒါဝင် နူးညက်စ် ဓါတ်ပုံလာရိုက်ထားတာတွေ ပြည့်နေတဲ့ ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်သွားခဲ့ပါတယ်။ ညီကိုတွေ တည့်နေကြတာပါ။
စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ ရာသီကုန်မှာတော့ လီဗာပူးအသင်းနဲ့ လူးဝစ် ဒီယက်ဇ်တို့ စာချုပ်သစ်ကိစ္စ ထိပ်တိုက် စကားပြောကြမှာဖြစ်ပါတယ်။
နယူးကာဆယ်နည်းပြ အတ်ဒီဟောင်ကတော့ တိုက်စစ်မှူး အီဆက်ဟာ ရောင်းရန် မဟုတ်ပါဘူးလို့ ထုတ်ပြောသွားပါတယ်။
လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ဘရတ်ဒလေ ပြန်ပါလာပြီဖြစ်ပါတယ်။ နည်းပြအဖွဲ့က လက်ကျန်ပွဲတွေမှာ သူ့ကို ပွဲကစားခွင့်ပေးဖွယ် ရှိနေပါတယ်။
အသင်း ချန်ပီယံဖြစ်ခဲ့တဲ့နောက် နောက်ဆုံး ၄ ပွဲဟာ လာမယ့်ရာသီအတွက် ကြိုတင် ပြင်ဆင်ခြင်းဖြစ်လာမယ်လို့ နည်းပြအာနယ် ဆလော့က ပြောပါတယ်။ လူစာရင်း အပြောင်းအလဲဖြစ်လာဖို့ရှိပြီး နည်းစနစ်ပိုင်းအရ သိသာတဲ့ အပြောင်းအလဲမျိုး ဖော်ဆောင်မယ်လို့တော့ မယူဆရပါဘူး။
ဘုန်းမောက်ခံစစ်မှူး ဟက်ဆန်ကို ခေါ်ယူရေးမှာ လီဗာပူးထက်စာရင် ချယ်ဆီးက ပိုမို ရှေ့ရောက်နေဆဲ အခြေအနေဖြစ်ပါတယ်။ စပိန်သားက ပုံမှန်ပွဲကစားခွင့် ရလိုပါတယ်။
လီဗာပူးအသင်းဟာ ကိုစတက်ကို မရောင်းထုတ်နိုင်သေးဘဲ ဘယ်အစွန်လူသစ် ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ အသင်းမှာ ရော်ဘတ်ဆန်နဲ့ ကိုစတက် နှစ်ဦးရှိနေကာ တစ်ဦးကိုတော့ ရောင်းချနိုင်ရမှာပါ။