

လီဗာပူးအသင်းနဲ့ မိုဆာလာတို့ ပရီးမီးယားလိဂ်ဖလား ထပ်မံ အောင်မြင်ခြင်းအတွက် ဝမ်းသာတယ်လို့ တိုက်စစ်မှူးဟောင်း ဘော်ဘီ ဖာမင်နိုက ပြောပါတယ်။ ဖာမင်နို ကိုယ်တိုင်ကလည်း အာရှချန်ပီယံလိဂ်ကို အနိုင်ရခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံနေရာ လီဗာပူးအသင်း အောင်မြင်ခဲ့ပေမယ့် အဆင့် ၂၊ ၃၊ ၄၊ ၅ နေရာက အသင်းတွေကတော့ အခုချိန်ထိ မသေချာသေးပါဘူး။
အာနယ် ဆလော့ဟာ သူ့ရဲ့ လီဗာပူးနည်းပြဘဝ အစောပိုင်းနေ့ရက်တွေမှာတုန်းက မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဖိုဒန်နဲ့ ဆာဗင်ညိုတို့ရဲ့ လှုပ်အားမှုန်း ဗီဒီယိုကလစ်တွေကို အသင်းသားတွေအား ပြသခဲ့ကာ အဲ့လို အားထုတ်စေချင်ခဲ့ပါတယ်။
၂၀၂၃ မှာ လီဗာပူးကို ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ကိုင်ဆီဒိုနဲ့ လာဗီယာတို့ဟာ ဒီကနေ့ညမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံတွေကို guard of honour လုပ်ပေးကြရမှာ ဖြစ်ပါတယ်။
ဒီနွေမှာတော့ လူမဝယ်ဘဲ ဘောလုံးရာသီသစ်တစ်ခုကို ကျော်ဖြတ်တော့မှာ မဟုတ်ဘူးလို့ အာနယ် ဆလော့က ပြောပါတယ်။ မန်စီးတီး၊ အာဆင်နယ်တို့ကလည်း သေချာပေါက် လူသစ်တွေဖြင့် တိုးတက်လာမယ်ဆိုတာကို အာနယ် ဆလော့က နားလည်ပါတယ်။
လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းရဲ့ ပွဲစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကင်းထောက်နေပါတယ်။ အသင်းဟာ ဆက်ကိုနဲ့ ဇာဗီတို့ကို စောင့်ကြည့်နေတာလို့ နားလည်ရပါတယ်။
ဘုန်းမောက်အသင်းဟာ ဥရောပဝင်ခွင့် တစ်နေရာ ကြိုးစားနေတာမို့ ၎င်းတို့ကို လေးစားသောအားဖြင့် အပြောင်းအရွှေ့ ကိစ္စတွေကို လီဗာပူးဘက်က စတင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
မော်ဂန် ရော်ဂျာ၊ ဂျာအို ပက်ဒရိုနဲ့ ဒီလပ်တို့ ၃ ဦးကို လီဗာပူးက ကင်းထောက်စောင့်ကြည့်ကြောင့် အသံထွက်နေပေမယ့် လက်တလောမှာ အသင်းဘက်က ခေါ်ယူမယ့် စာရင်းထဲတော့ မပါသေးပါဘူး။