

နာပိုလီအသင်းဟာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ ကြိုးစားနေပြီး သူတို့နဲ့အပြိုင် လီဗာပူးဘက်ကလည်း ဒီဘရိုင်းကို ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။
ဒီဘရိုင်းဟာ ငယ်စဉ်က လီဗာပူးအသင်းကို အားပေးခဲ့သူဖြစ်ကာ ၎င်းရဲ့ မိသားစုဝင်တွေကလည်း လီဗာပူးအသင်း အမာခံပရိသတ်တွေဖြစ်ပါတယ်။
ထရန့် ထွက်ခွာမယ့်နောက် ရစ်ချက်ဟုချ်ဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေတယ်လို့ လီဗာပူးသတင်းထောက်တွေက ဆိုလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားအတွက် ထရန့်ကို ခပ်စောစော ခေါ်ယူလိုနေပြီး ပေါင် ၅ သိန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
အာနယ် ဆလော့ရဲ့ အသေးစိတ်ကျလှတဲ့ ပြင်ဆင်မှုကို လီဗာပူးတာဝန်ရှိသူတွေ သဘောကျနေပြီး စာချုပ်သစ်ပေးအပ်ဖွယ် ရှိနေပါတယ်။
အနာဂတ်အတွက် ရေရှည်ရည်မှန်းချက်ဖြင့် သွေးသစ်လောင်းမှုမျိုးတွေ ဒီနွေမှာ လီဗာပူးအသင်း ပြုလုပ်သွားဖွယ်ရှိနေပြီး ကလပ်သမိုင်းမှာ အမြင့်ဆုံး အသုံးစရိတ်ကို ထုတ်သုံးလာဖွယ် ရှိနေပါတယ်။
လီဗာပူးအသင်းဟာ လူစာရင်း ဟန်ချက်ညီမှုအရ ကစားသမား ၅ ဦးလောက်ထိ ရောင်းထုတ်ရဖွယ်ရှိနေပြီး အဲ့ထဲမှာ homegrown ကစားသမား ၃ ဦးလောက် ပါဝင်နေပါတယ်။
ဒီနွေမှာ ကိုနတေးရဲ့ စာချုပ်ကိစ္စ အဆင်မပြေခဲ့ရင် ထွက်ခွာခွင့်ပြုဖွယ် ရှိလာနေကာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ စျေးခေါ်သွားမှာပါ။
ချန်ပီယံလိဂ်ကနေ ဘာစီလိုနာ ထွက်ခွာခဲ့ရတာကြောင့် ဘလွန်းဒီအောဆု ရေပန်းစားစာရင်းမှာ မိုဆာလာက အပေါ်ပြန်တက်လာနေပြီဖြစ်ပါတယ်။
လီဗာပူးမြို့အတွင်း လီဗာပူးဘောလုံးအသင်း တာဝန်ရှိသူတွေဟာ အိမ်တစ်လုံ ရှာဖွေနေတာကြောင့် ကစားသမားသစ် တစ်ဦးဦးကို ခေါ်ယူဖို့ သဘောတူညီမှု ရထားသလား အသံထွက်နေပါတယ်။