

နာမည်ကြီး အပြောင်းအရွှေ့ သတင်းထောက် Di Marzio က လီဗာပူးအသင်းဟာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြချက်ဟာ ၂၄ နာရီ မပြည့်ခင်မှာပဲ ပယ်ချခံလိုက်ရပါတယ်။
ထရန့် ထွက်ခွာတော့မှာဖြစ်လို့ ဖန်တီးမှုပိုင်းအတွက် ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူရေးအတွက် အာနယ် ဆလော့နဲ့ ရစ်ချက်ဟုချ်တို့ ဆန္ဒရှိနေပါတယ်။
လီဗာပူးအသင်းဘက်က ဒီနွေမှာ မန်စီးတီးကနေ ထွက်ခွာတော့မယ့် ဒီဘရိုင်းရဲ့ အေးဂျင့်အား ဆက်သွယ် စကားပြောမှု ပြုလုပ်ထားခဲ့တယ်လို့ စကိုင်းစပေါ့နဲ့ Di Marzio တို့က ဖော်ပြလာခဲ့တာပါ။
လီဗာပူးပရိသတ်တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းဟာ မန်စီးတီးကနေ ထွက်ခွာခဲ့ရင် ဆော်ဒီလိဂ်လို နေရာကို ပြောင်းဖို့ထက် ထိပ်တန်းဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ကလပ်တစ်သင်းသင်းထံ ကူးပြောင်းမှာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူကို နာပိုလီဘက်က ကြိုးစားနေပြီး လီဗာပူးဘက်ကလည်း ကမ်းလှမ်းထားတယ်လို့ ဖော်ပြခံခဲ့ရပေမယ့် လီဗာပူးသတင်းထောက်ကတော့ အသင်းဘက်က ကြိုးစားနေခြင်း မရှိဘူးလို့ တုန့်ပြန်လာပါတယ်။
ဝါရင့် သတင်းထောက် Ian Doyle က လီဗာပူးအသင်းဘက်က ဒီဘရိုင်းအတွက် ကြိုးစားခဲ့ခြင်း မရှိဘူးလို့ ဆိုလာခဲ့တယ်။ ဒီနောက်ပိုင်းနှစ်တွေအတွင်း အပြောင်းအရွှေ့နဲ့ ပတ်သက်လာရင် လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြချက်တွေဟာ မှန်ကန်လေ့ရှိပါတယ်။
လီဗာပူးအသင်းဟာ ဗဟိုခံစစ်နဲ့ တိုက်စစ်နေရာတွေကို အားဖြည့်လိုစိတ်ရှိနေပြီး နွေမှာတော့ ဒီယက်ဇ်နဲ့ ကိုနတေးတို့အား သက်တမ်းတိုးနိုင်ရေး စကားပြောဖို့လည်း ရှိနေပါတယ်။