နည်းစနစ်ကောင်းတဲ့ ကစားသမားတွေကို လိုချင်နေတဲ့ အာနယ် ဆလော့နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ လေဗာကူဆင်အသင်းမှ ညာအစွန်လူ ဖရန်းပေါင်ကိုလည်း ညာအစွန်အတွက် ပစ်မှတ်ထဲ ထည့်ထားပါတယ်။ မန်စီးတီးအကယ်ဒမီထွက် ဖရန်းပေါင်ဟာ homegrown ကစားသမား တစ်ဦးဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်မှာ ရေရှည်သုံးနိုင်မယ့် ခံစစ်မှူးမျိုးကို ချိတ်ဆက်နေပြီး ဘုန်းမောက်မှ ဟက်ဆန်နဲ့ ဖောရက်စ်မှ မိုရီရိုတို့ ပါဝင်နေပါတယ်။

စီးရီးအေကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ နာပိုလီတို့ဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ တိုက်စစ်မှူး ခီယေဆာကို ခေါ်ယူလိုနေပါတယ်။

ဒီဘရိုင်းနဲ့ သတင်းတွေကို အီတလီနာမည်ကြီး သတင်းထောက်က ဖော်ပြခဲ့ပေမယ့် လီဗာပူးအသင်းဘက်က ချိတ်ဆက်ခဲ့ခြင်းမရှိဘူးလို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဆိုပါတယ်။

၂၀၁၉ ဥရောပချန်ပီယံဖြစ်တုန်းက လီဗာပူးမြို့တွင်း လှည့်လှည်မှုမှာ မှာ ပရိသတ် ၇၅၀၀၀၀ တက်ရောက်ခဲ့ကြပြီး ဒီတစ်ကြိမ်မှာ ၁ သန်းကျော်မယ်လို့ မြို့ကောင်စီက တွက်ချက်ထားကာ ကြိုတင်ပြင်ဆင်မှုတွေကို စီမံနေပါတယ်။

ညာအစွန်မှာ ဘရတ်ဒလေရှိပေမယ့် အသက် ၂၁ နှစ်အရွယ် အကယ်ဒမီထွက်ဟာ မကြာခဏ ဒဏ်ရာရတတ်တဲ့ ပြဿနာရှိကြောင်း ထောက်ပြနေကြပါတယ်။

ဗလန်စီယာဂိုးသမား မာမာဒီရှီဗီလီအတွက် လီဗာပူးပေးရမယ့် ပေါင် ၂၅ သန်းဟာ မနှစ်က နွေမှာ ထည့်မတွက်ဘဲ ဒီနွေစျေးကွက်မှ ထည့်တွက်ခံရမှာဖြစ်ပါတယ်။

အက်စတွန်ဗီလာမှ မော်ဂန် ရော်ဂျာနဲ့ ရီးရဲလ်ကနေ ထွက်ခွာလိုတဲ့ ရိုဒရီဂိုကို လီဗာပူးဘက်က ချိတ်ဆက်မှု ပြုလုပ်တယ်ဆိုတဲ့ ကောလဟာလတွေကို အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ငြင်းဆန်ပါတယ်။

အာနယ် ဆလော့ဟာ ဒီနွေမှာ လူသစ် ခေါ်ယူတဲ့အခါ ငယ်ရွယ်ပြီး ဆာလောင်စိတ် ပြင်းထန်မှုအပြင် နည်းစနစ်ပိုင်း ကောင်းတဲ့ ကစားသမားမျိုးတွေကို ရလိုနေပါတယ်။