

အက်ဖ်အေဖလား ချန်ပီယံ ပဲလေစ့်ဖြစ်လာတာကြောင့် လာမယ့်ရာသီ ကွန်မြူနတီဒိုင်းကို လီဗာပူးအသင်းဟာ ပဲလေစ့်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လီဗာပူးကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး ဒါဝင်ကို ခေါ်ယူရေး နာပိုလီဘက်က အသေးစိတ် စုံစမ်မှုတွေ ပြုလုပ်နေပါတယ်။
လီဗာပူးအသင်းဟာ ထရန့်မရှိတဲ့နောက် ညာအစွန်နေရာအတွက် ပြင်ဆင်မှုအဖြစ် ဘရတ်ဒလေကို ကာလရှည် သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။
ဒူဘိုင်းခရီးစဉ်ဟာ ထရန့်ကို နှုတ်ဆက်တဲ့ အနေနဲ့သွားရောက်ကြခြင်းဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်မှာ ဗန်ဒိုက်နဲ့ ဆာလာတို့က အသင်းသားတွေကို စုစည်းပြီး နောက်ရာသီအတွက် ထိပ်တန်း ကစားသမားတွေ ရောက်လာဖို့ရှိကြောင်းနဲ့ ပရီးမီးယားလိဂ်ကော ချန်ပီယံလိဂ်ကိုပါ စိန်ခေါ်လိုတယ်လို့ အသိပေးခဲ့ပါတယ်။
ကွင်းလယ်လူ ဝက်ဇ်အတွက် လီဗာပူးဘက်က ကြိုးစားမှုတွေ ရှိနေပေမယ့် ကစားသမားကို ခေါ်ယူရေးမှာ ဘိုင်ယန်မြူးနစ်ဘက်က အရေးသာနေတဲ့ အချက်ကတော့ မပြောင်းလဲသေးပါဘူး။
ညာအစွန်လူ ဖရန်းပေါင်ဟာ မကြာခင်မှာပဲ လီဗာပူးအသင်းနဲ့ ဆေးစစ်တော့မယ်လို့ ယုံကြည်ရတဲ့ သတင်းထောက် David Ornstein က အတည်ပြုပေးလိုက်ပါပြီ။
မန်စီးတီး အကယ်ဒမီထွက် ဖရန်းပေါင်ဟာ ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာတည်းက မန်ချက်စတာမှာ လေ့ကျင့်ခဲ့ပေမယ့် သူ ကစားချင်တဲ့ ကလပ်က လီဗာပူးပါဆိုပြီး ထုတ်ပြောခဲ့ဖူးပါတယ်။
ရာသီနောက်ဆုံးပွဲ လီဗာပူး ဖလားမြောက်ချိန် အန်ဖီးကွင်းမှာ သူရှိနေမယ်လို့ အဂ္ဂါက အတည်ပြုပါတယ်။ ဒိန်းမတ်ခံစစ်မှူးဟောင်းကတော့ လီဗာပူး ပရီးမီးယားလိဂ် အောင်မြင်ခြင်းကို ကိုယ်တိုင် ခံစားလိုတယ်လို့ ထုတ်ပြောပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီကတော့ သူ့အတွက် ထိပ်တန်း ဂန္တဝင် ၃ ဦးအဖြစ် နံပါတ် ၁ နေရာမှာ မက်ဆီကို ရွေးချယ်ခဲ့ပြီး နံပါတ် ၃ နေရာမှာ ဂျရတ်ကို ရွေးချယ်ခဲ့ပါတယ်။ သူနှုတ်ကနေပဲ သူဟာ လီဗာပူးပရိသတ်ပါလို့လည်း ထုတ်ပြောခဲ့ပါတယ်။