

ဒီနွေမှာ လီဗာပူးအသင်းဟာ အားကောင်းကောင်းဖြင့် စျေးကွက်ထဲကို ဝင်ရောက်မှာဖြစ်ကာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ဝန်းကျင်ထိ ထုတ်လာနိုင်ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ဖလားပြိုင်ပွဲ ၄ ခုလုံးကို အားကောင်းစွာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားသလို အနာဂတ်မှာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ပါဝင်လာဖို့လည်း ရည်မှန်းနေပါတယ်။
နောက်ရာသီမှာတော့ လီဗာပူးအသင်းရဲ့ အထင်ကရ နည်းပြအလံမှာ ကလော့ပ်ရဲ့ အနောက်ကနေ အာနယ် ဆလော့ကိုပါ ထည့်သွင်းပြီး ၇ ဦးထိ ပြသသွားတော့မှာပါ။
လီဗာပူးအသင်းဟာ ညာအစွန်လူ ဖရန်းပေါင်ကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူမှု မတိုင်ခင် ဆေးစစ်မှု လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။
နည်းပြအာနယ် ဆလော့က အပြောင်းအရွှေ့စျေးကွက်မှာ အသင်းဟာ ဒီရာသီ အသင်းမှာ မရှိခဲ့တဲ့ ထိုးနှက်စရာ လက်နက်ကောင်း ၂ ခုလောက်ကို အားဖြည့်မယ်လို့ ဆိုသွားပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်အားသန်ပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်သမားနဲ့ နံပါတ် ၉ တိုက်စစ်မှူးသစ်တွေကို ခေါ်ယူသွားမယ်လို့ သတင်းကြီးလာနေပါတယ်။
ဖရန်းပေါင်ကို ရသွားတဲ့နောက်မှာ လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ်ဟာ ဘယ်အစွန်လူ ဖြစ်လာမယ်လို့ သုံးသပ်မှုတွေ ကျယ်ပြန့်နေပါတယ်။
ဘာစီလိုနာဟာ လီဗာပူးတိုက်စစ်သမား ဒီယက်ဇ်ကို ခေါ်ယူလိုနေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ တဝိုက်လို့ စပိန်သတင်းတွေက ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဂျာမာန်ကြယ်ပွင့် ဝက်ဇ်ဘက်က အချက်ပြလာမှာကို စောင့်ဆိုင်းနေပြီး ကစားသမားဘက်က ဘွန်ဒက်လီဂါ အပြင်ဘက်ကို ထွက်လိုကြောင်း ပြောလာတာနဲ့ ကမ်းလှမ်းမှု စတင်ပါမယ်။
ဖရန့်ဖတ်ဘက်ကတော့ တိုက်စစ်မှူး အီကီတီကီဟာ ဒီနွေမှာ သူတို့အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ထုတ်ပြောလာပါတယ်။ ပြင်သစ်သားကို ခေါ်ယူဖို့ လီဗာပူးဘက်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။