လူးဝစ် ဒီယက်ဇ်ကို သဘောကျကြောင်း ဘာစီလိုနာ ဒါရိုက်တာ စတင် ဝန်ခံ

လီဗာပူးအသင်းနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်တော့တဲ့ လူးဝစ် ဒီယက်ဇ်ဟာ ဒီနွေမှာ အနာဂတ်ကိစ္စ ဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားလာနေပါတယ်။

လီဗာပူးအသင်းနဲ့ ဒီယက်ဇ်ရဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံမှုပြုလုပ်ဖို့ စီစဉ်ထားပြီး ကိုလံဘီယာသား ကိုယ်တိုင်ကတော့ အနာဂတ်ဟာ လီဗာပူးအသင်းအပေါ်မှာပဲ မူတည်တယ်လို့ ထုတ်ပြောထားတယ်။

လီဗာပူးဘက်က ဒီယက်ဇ်အတွက် ယူရို သန်း ၈၀ ဝန်းကျင် ကမ်းလှမ်းမှုရရင် နားထောင်မယ်လို့လည်း သတင်းတွေထွက်နေသလို ဆာလာပြီးရင် ကလပ်ရဲ့ အရေးကြီးကစားသမားဖြစ်လာသူအား ဆက်ထိန်းမယ်လို့လည်း မှတ်ချက်တွေရနေတယ်။

အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ်ကို သက်တမ်းတိုးမလား စျေးကွက်မှာ ကမ်းလှမ်းလာမယ့် အသင်းထံ ရောင်းချမလားဟာ လီဗာပူးရဲ့ အနာဂတ် ပလန်တွေအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ဒီယက်ဇ်ကို ခေါ်ယူဖို့ ဆော်ဒီနဲ့ လာလီဂါကလပ် ဘာစီလိုနာတို့က စိတ်ဝင်စားနေကြကာ အခုချိန်မှာတော့ ဘာစီလိုနာ ဒါရိုက်တာဖြစ်သူ ဒေကိုက စတင် စကားလာတာပါ။

ဒေကိုကတော့ သူတို့အသင်းဟာ ဒီယက်ဇ်ကို သဘောကျကြောင်း ဝန်ခံသွားတာပါ။ ဒါပေမယ့် အခြားအသင်းနဲ့ စာချုပ်ရှိနေသူတစ်ဦး အကြောင်းကိုတော့ မပြောချင်သေးပဲ ၎င်းတို့ဘက်ကတော့ လူသစ် ခေါ်ယူခြင်းထက် အသင်းက ကစားသမားတွေကို သက်တမ်းတိုးဖို့ရာ ဦးစားပေးဦးမယ်လို့လည်း ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင်၊ ဒီယက်ဇ်၊ ဂျိုတာ၊ ခီယေဆာတို့ ၄ ဦးထဲက ၂ ဦးလောက်ကို ဒီစျေးကွက်မှာ ရောင်းထုတ်ပြီး တိုက်စစ်ကို သွေးသစ်လောင်းမယ့် ပလန်မျိုးလည်း စဉ်းစားနေတာဖြစ်ပါတယ်။