

လီဗာပူးအသင်းဟာ ဗက်ဇ်ကို ခေါ်ယူရေး မီးစိမ်းပြခံလိုက်ရပြီဖြစ်တာကြောင့် မကြာခင်မှာ တရားဝင် ကမ်းလှမ်းမှုတွေ စတင်တော့မှာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဗက်ဇ်အတွက် လီဗာပူးအသင်းဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ဝန်းကျင်ဖြင့် လေဗာကူဆင်ကို ချိတ်ဆက်ဖွယ်ရှိပါတယ်။
ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နဲ့အပြိုင် ဗက်ဇ်ကို ချိတ်ဆက်ခဲ့ရာမှာ ကစားသမားဟာ အာနယ် ဆလော့နဲ့ လီဗာပူးအသင်းရဲ့ ပရော်ဂျက်တွေကို နှစ်ခြိုက်အားရခဲ့တယ်လို့ အသံထွက်နေပါတယ်။
နည်းပြအာနယ် ဆလော့က လီဗာပူးအသင်းမှာ ရေရှည် ကိုင်တွယ်လိုတဲ့ သဘောထားကို ပြသခဲ့ပြီး မကြာခင်မှာ အသင်းဘက်က သူ့ကို စာချုပ်သစ်ပေးဖို့ ညိနှိုင်းဖွယ် ရှိနေပါတယ်။
ထရန့်ကို boo လုပ်ကြတဲ့ လုပ်ရပ်ကို သူ့ရင်ထဲ နာကျင်ရတယ်လို့ ယာဂင်ကလော့ပ်က ထုတ်ပြောပါတယ်။ ဂျာမာန်သားကြီးဟာ ဒီအပတ် အန်ဖီးကွင်းကို တက်ရောက်ဖို့ ရှိနေပါတယ်။
ရိုးမားအသင်းကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေကို ကလော့ပ်က ငြင်းဆန်လိုက်ပြီး နောက်နှစ်အနည်းငယ်အတွင်း နည်းပြလောကထဲ ပြန်ဝင်လာဖို့ မရှိဘူးလို့ အသင်းဖောင်ဒေးရှင်း ညစာစားပွဲမှာ ပြောပါတယ်။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ မိုဆာလာနဲ့ ဗန်ဒိုက်တို့ကို စာချုပ်သစ် ကမ်းလှမ်းစဉ်ကတည်းက နွေမှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူမယ့်အကြောင်း ကြိုတင် အသိပေးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဗန်ဒုတ်၊ ဟာဗေးတို့လို ကစားသမားတွေအတွက် ကမ်းလှမ်းလာမှုတွေကို နားထောင်ပေးသွားဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။
ဘာစီလိုနာဘက်က ဒီယက်ဇ်ကို စိတ်ဝင်စားနေကြောင်း သတင်းတွေအတွက် အာနယ် ဆလော့ကတော့ ဒီယက်ဇ်လို ကစားသမားကောင်းကို ကလပ်တွေ သဘောကျတာ မထူးဆန်းဘူးလို့ တုန့်ပြန်ပါတယ်။