

လီဗာပူးအသင်းဟာ လေဗာကူဆင်အသင်းနဲ့ ဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး စတင် ညိနှိုင်းနေပြီဖြစ်ကာ ယူရို သန်း ၁၀၀ အထက်မှာ ရှိမှာဖြစ်ပါတယ်။
ဂျာမာန်လက်ရွေးစင်နည်းပြ နာဂန်းစမန်းကတော့ ဗက်ဇ်ရဲ့ လီဗာပူးအပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ်ဆိုရင် သူ့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်ကို ထပ်တိုးလှမ်းနိုင်ခြင်းဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။
ဗက်ဇ်ရဲ့ လီဗာပူးထံ ပြောင်းရွှေ့မှုဟာ သူ့ရဲ့ ဂျာမနီလက်ရွေးစင် ဂုဏ်ပုဒ်ကို ထိခိုက်စေမှာ မဟုတ်တဲ့အပြင် ဂျာမာန်ဘောလုံးအသိုင်းအဝိုင်းကိုပါ ဂုဏ်တက်စေမယ့် ကိစ္စအဖြစ် ထောက်ခံလာနေပါတယ်။
ထရန့်ကိစ္စ မေးခွန်းတွေအတွက် အာနယ်ဆလော့ကတော့ ဘယ်သူမှ လီဗာပူးကို သွေးခွဲလို့ရမှာ မဟုတ်ကြောင်းနဲ့ ဆုဖလားဖြင့် အောင်ပွဲခံတဲ့နေ့ထိ ထရန့်ဟာ အဝတ်လဲခန်းက အသင်းဖော်တွေအားလုံးနဲ့အတူ ဆက်ရှိနေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကောင်းမွန်စွာ လမ်းခွဲခြင်းပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ထရန့်ဟာ အက်ဆာမှာ အသင်းဖော်တွေ အားလုံးကို နှုတ်ဆက်စကား ပြောဆိုသွားပါတယ်။ အသင်းဘက်က ဒီကနေ့ညပွဲမှာ ထရန့်ကို နှုတ်ဆက်မှု ပြုလုပ်မလား မသိရသေးပါဘူး။
ဘယ်အစွန်အတွက် မီလိုစ့်ကာဇ့်ကို စိတ်ဝင်စားပေမယ့် လီဗာပူးဘက်က ဟန်ဂေရီသားကို ခေါ်ယူရေး ချဉ်းကပ်မှုတွေ တရားဝင် မစတင်သေးပါဘူး။
လီဗာပူးအသင်းဟာ ဗက်ဇ်ကို ခေါ်ယူပြီးခဲ့ရင်လည်း တိုက်စစ်မှူးနေရာကို ဆက်လက် အစားထိုးမယ်လို့ အသံထွက်နေပါတယ်။
တိုက်စစ်သမား ဗန်ဒုတ်ကို အဲဗာတန်က အံ့ဖွယ် စိတ်ဝင်စားနေပြီး လီဗာပူးဘက်ကတော့ စကော့တလန်သားအတွက် ပေါင် သန်း ၃၀ တောင်းဆိုမှာဖြစ်ပါတယ်။
ဒီကနေ့ည အန်ဖီးကွင်းကိုတော့ ယာဂင်ကလော့ပ်၊ အဂ္ဂါ အပါအဝင် လီဗာပူးပရိသတ်တွေကြား ထင်ရှားတဲ့ ပုဂ္ဂိုလ်အများအပြား တက်ရောက်လာဖို့ ရှိနေပါတယ်။