ပဲလေစ့်ပွဲအပြီး ဒိုင်လူကြီးကို ဆာလာနဲ့ အာနယ် ဆလော့တို့ ပွေ့ဖက်ကြတဲ့ အကြောင်းရင်း

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ အဖြစ် ပဲလေစ့်နဲ့ ၁-၁ သရေကျတဲ့ပွဲအပြီးမှာ လီဗာပူးကစားသမားတွေနဲ့ နည်ပြအာနယ် ဆလော့တို့ဟာ ပွဲကို ကြီးကြပ်ခဲ့တဲ့ လက်ထောက်ဒိုင်လူကြီးကို ဝိုင်းပြီး ပွေ့ဖက်ကြပါတယ်။

ပြိုင်ဘက်အသင်း ပရိသတ်တွေကြားမှာတော့ ဒီဖြစ်ရပ်ဟာ လှောင်ပြောင်လို့ကောင်းတဲ့ ဟားတိုက်စရာတစ်ခု ဖြစ်လာနေခဲ့တယ်။

ဒီကိစ္စရဲ့ အကြောင်းရင်းမှန်ကတော့ ပွဲအပြီး ဝမ်းနည်းနေတဲ့ လက်ထောက်ဒိုင်လူကြီး Derek Eaton ကို လီဗာပူးအသင်းသားတွေနဲ့ နည်းပြအာနယ် ဆလော့က နှစ်သိမ့်ပေးလိုခြင်းပဲဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ထံ အဆင့်တိုးမြင့် ကိုင်တွယ်ခွင့်ရခဲ့တဲ့ ဒိုင်လူကြီး Derek Eaton ဟာ ဒီရာသီအကုန်မှာပဲ ဒိုင်လူကြီး အလုပ်ကနေ အနားယူသွားတော့မှာပါ။

ပရီးမီးယားလိဂ်ပွဲ ၂၁၈ ပွဲ၊ ဖလားပွဲ ၂၅ ပွဲ ကိုင်တွယ်ခဲ့တဲ့ Derek Eaton ဟာ မနေ့ညကပွဲအပြီးမှာ ဝမ်းနည်း စိတ်ထိခိုက်နေခဲ့ပြီး သူ အနားယူတော့မယ်ဆိုတာကို သိသွားတဲ့နောက် လီဗာပူးအသင်းက ဒိုင်လူကြီးကို ပွေ့ဖက်ကာ နှစ်သိမ့် ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ပဲလေစ့်နဲ့ ရင်ဆိုင်ရတဲ့ ပွဲဟာ လီဗာပူးအသင်းကို ဖလားကိုင်မြှောက်ခွင့်ရစေတဲ့ အထိမ်းအမှတ်ပွဲ ဖြစ်ခဲ့သလိုပဲ Derek Eaton အတွက်လည်း သူ့ဘဝတစ်လျှောက် မြတ်နိုးစွာ လုပ်ခဲ့တဲ့ ဒိုင်လူကြီးဘဝကနေ နှုတ်ဆက်တဲ့ အမှတ်တရပွဲလေး ဖြစ်သွားခဲ့တာဖြစ်ပါတယ်။