

LMA Manager of the Year ဆုကို လက်ခံရရှိတဲ့ အာနယ် ဆလော့က လီဗာပူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအတွက် စိတ်မကောင်းဖြစ်တာကြောင့် ဆုပေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း အသိပေးလာပါတယ်။
ပရီးမီးယားလိဂ်နဲ့ ဒီဆုပေးပွဲကို တက်ရောက်မယ့် ကလပ်တွေအနေနဲ့လည်း ပြိုင်ဘက်ဆိုတာကို မေ့ထားပြီး အရေးပေါ်ခန်းထဲ ရောက်နေကြတဲ့ လီဗာပူးပရိသတ်တွေ အမြန် သက်သာလာဖို့ရာ ဆုတောင်းပေးကြဖို့ အာနယ် ဆလော့ တောင်းဆိုသွားပါတယ်။
ယာဉ်တိုက်မှုအတွင်း လူပေါင်း ၅၀ ခန့်ကို ဆေးကုသပေးခဲ့ရပြီး ၁၁ ဦးက ဆေးရုံမှာ တက်ရောက်ကုသနေရဆဲဖြစ်ပေမယ့် အခြေအနေ တိုးတက်လာနေတယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေကို အပြီးသတ်ပေးဖို့ ဖရန်းပေါင် ကိုယ်တိုင် လေဗာကူဆင်ကနေ လီဗာပူးကို သီးသန့်လေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ သက်တမ်းတိုးဖြင့်ခဲ့တာဟာ ပရိသတ်တွေကြောင့်လည်း ပါဝင်ပြီး ပရိသတ်တွေက လီဗာပူးတာဝန်ရှိသူတွေကို ဖိအားတွေ အတင်းလုပ်တာကလည်း စာချုပ်အောင်မြင်တဲ့ အကြောင်းရင်းထဲ ပါဝင်တယ်လို့ ဆာလာက ထုတ်ပြောပါတယ်။
အာနယ် ဆလော့ရဲ့ လက်ထောက်အဖြစ် ရစ်ချက်ဟုချ်တို့ ခေါ်ယူပေးထားတဲ့ ဟိုက်တင်ဂါဟာ နယ်သာလန်ကလပ် အေဂျက်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ဖို့ နီးစပ်နေပါတယ်။
လီဗာပူးအသင်းဟာ ဟိုက်တင်ဂါနေရာ အစားထိုးဖို့ နောက်ထပ် နည်းပြတစ်ဦးကို အမြန်ဆုံး စတင် ရှာဖွေနေပါတယ်။
လီဗာပူးအသင်းဘက်က ကွင်းလယ်လူ ဗက်ဇ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားပြီဖြစ်ကာ ယူရို ၁၃၅ သန်းတန်ကြေးရှိကြောင်း ဂျာမာန်သတင်းတွေက ဖော်ပြပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးဘယ်တောင်ပံသမား ဂက်ပိုကို သူတို့ရဲ့ ဘယ်ခြမ်း ပစ်မှတ်ထဲ ထည့်သွင်းထားပေမယ့် နယ်သာလန်သားကို ခေါ်ယူရေး လွယ်ကူမှာ မဟုတ်ပါဘူး။