ကွမ်းဆက်အတွက် သန်း ၅၀၊ ကိုစတက်၊ ကလယ်ဟာ ထွက်ဖို့ နီးနေခြင်း၊ အသင်းမှာ ဆက်နေမယ့် အန်ဒိုနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဇွန် ၁ ရက်နေ့ အပြောင်းအရွှေ့ ဖွင့်ချိန်မှာ လီဗာပူးဘက်က ကစားသမား ခေါ်ယူမှု အချို့ကို တရားဝင် ကြေညာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကွင်းလယ်လူ အန်ဒိုဟာ နောက်ရာသီ လီဗာပူးမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဂျပန်လက်ရွေးစင်ကတော့ ပွဲထွက်ခွင့်အတွက် အားထုတ်သွားမယ်လို့ ကတိပြုလာပါတယ်။

ပထမပွဲထွက်ခွင့်အတွက် ထွက်ခွာတော့မယ့် ဂိုးသမားကလယ်ဟာကို ဘရန့်ဖိုဒ့်ဘက်က ပေါင် သန်း ၂၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းလိုနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးတိုက်စစ်မှူး ဂက်ပိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကာ စတင် စကားပြောကြတဲ့ အဆင့်ကိုတော့ ရောက်မလာသေးပါဘူး။

လီဗာပူးအသင်းဟာ ဗက်ဇ်ရဲ့ အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်နိုင်ဖို့ပဲ အာရုံစိုက်နေပြီး တိုက်စစ်မှူးနေရာအတွက် ကြိုးစားလာခြင်း မရှိသေးပါဘူး။

ဂျာမာန်ကြယ်ပွင့်ကို ခေါ်ယူပြီးရင် လီဗာပူးရဲ့ နောက်ထပ် ရည်မှန်းချက်ကတော့ အသင်းမှာ ဆက်မနေလိုတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ပဲဖြစ်ပါတယ်။

ဘာစီလိုနာဟာ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူရေး စိတ်အားထက်သန်မှု လျော့သွားတဲ့ အခြေအနေဖြစ်ပြီး ဆော်ဒီဘက်ကတော့ ချိတ်ဆက်လိုနေဆဲဖြစ်ပါတယ်။

ဟာဗေး အယ်လီယော့ကို ပရီးမီးယားလိဂ်ကလပ် ဘရို်က်တန်အပြင် လေဗာကူဆင်နဲ့ ဒေါ့မွန်တို့က ခေါ်ယူလိုနေပါတယ်။

ခံစစ်သမား ကွမ်းဆက်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အများအပြားက စိတ်ဝင်စားနေကာ လီဗာပူးဘက်က ပေါင် သန်း ၅၀ ထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ မရှိပါဘူး။

ဂိုးမက်စ်နဲ့ ကိုစတက်တို့ဟာ ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ခွာသွားကြဖွယ် ရှိနေကာ သူတို့အတွက် အသင်းသစ်ရှာဖွေဖို့ ကလပ်နဲ့ ကစားသမား ကိုယ်စားလှယ် အဖွဲ့တွေဘက်က ကြိုးစားနေပါတယ်။