

လီဗာပူးအသင်းဟာ တိုက်စစ်မှူးနေရာအတွက် အဲဗာရက်စ်၊ ဆက်ကို၊ အီကီတီကီ၊ ပက်ဒရိုတို့ကို စောင့်ကြည့်နေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင် သုံးရနိုင်ပါတယ်။
လီဗာပူးပိုင်ရှင်တွေက ဒီနွေမှာ ကစားသမားရောင်းချမှုကနေ ရလာမယ့် ငွေကြေးအားလုံးကို လူသစ်ပြန်ခေါ်ယူရေးအတွက် အသုံးပြုခွင့်ပေးထားပါတယ်။
ဗက်ဇ်ဟာ လီဗာပူးဘောလုံးသမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာလိမ့်မယ်လို့ မာဆေးဆိုဒ်သတင်းထောက်တွေကော ဂျာမာန်သတင်းထောက်တွေပါ တူညီစွာ ဖော်ပြပါတယ်။
ဇွန်လ ၁ ရက်နေ့ စျေးကွက်ဖွင့်ချိန်မှာ ထရန့်ကို ခေါ်ယူနိုင်ရေး ရီးရဲလ်မက်ဒရစ်ဘက်က လီဗာပူးကို ပြောင်းရွှေ့ကြေးတရပ် ပေးချေရဖွယ် ရှိပါတယ်။ ထရန့်ရဲ့ စာချုပ်က ဇွန်လ ၃၀ ရက်နေ့ထိ ရှိနေတာပါ။
ဗန်ဒိုက်နဲ့ ဆာလာတို့က အသင်းအဝတ်လဲခန်းကို အထူးသတိပေးထားတာ တစ်ခုက လီဗာပူးအသင်းကို ယုံကြည်ကြဖို့နဲ့ နောက်ရာသီမှာလည်း ဆုဖလားတွေအတွက် ဆက်လက် တိုက်ပွဲဝင်ပေးဖို့ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်က ပရီးမီးယားလိဂ်ကလပ် လီဗာပူးထံကနေ စိတ်ဝင်စားမှုတွေ ရနေပေမယ့် တိုက်စစ်မှူး အဲဗာရက်စ်ကို လုံးဝ မရောင်းချဘူးလို့ ယတိပြတ် အသိပေးပါတယ်။
လီဗာပူးအသင်းဟာ ဖရန်းပေါင်အတွက် ပေါင် သန်း ၃၀၊ မီလိုစ့်ကာဇ့်အတွက် ပေါင် ၄၅ သန်းနဲ့ ဗက်ဇ်အတွက် ပေါင် သန်း ၁၀၀ အထက် အသုံးပြုရမှာပါ။
ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေးအတွက် အသင်းမှာရှိတဲ့ အချို့သော ကစားသမား ရောင်းချမှုတွေကို စတင်တော့မှာဖြစ်ပါတယ်။
ရစ်ချက်ဟုချ်တို့ဟာ ကစားသမား ရောင်းချမှုကနေ ပေါင် သန်း ၁၀၀ အထက် ရှာဖွေမယ်လို့ သိထားရပြီး ကလယ်ဟာ၊ ဟာဗေး၊ ဗန်ဒုတ်၊ ကိုစတက်၊ မော်တန်တို့ဟာ အရောင်းစာရင်းထဲ ပါဝင်လာဖို့ရှိပါတယ်။
ဟိုက်တင်ဂါ ထွက်ခွာမလားဆိုတာ သေချာမှုမရှိသေးဘဲ အေဂျက်ဘက်က ချဉ်းကပ်နေပေမယ့် နည်းပြ အာနယ် ဆလော့က လက်ထောက်နည်းပြကို အသင်းမှာ ၁ ရာသီ ဆက်နေဖို့ တိုက်တွန်းထားပါတယ်။