

လီဗာပူးအသင်းဟာ ထရန့်ကို မက်ဒရစ်ထံ ပေါင် ၁၀ သန်းဖြင့် ပြောင်းခွင့်ပြုတဲ့ နေ့မှာပဲ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်း ညာအစွန်-တောင်ပံသမား ဖရန်းပေါင်ကို ခေါ်ယူလိုက်ပါတယ်။
ဖရန်းပေါင်ရဲ့ ဖခင်ဟာ လီဗာပူးအသင်း အမာခံပရိသတ်တစ်ဦးဖြစ်ပြီး သားဖြစ်သူ ငယ်စဉ်တည်းက လီဗာပူးကို ပို့ချင်ပေမယ့် သွားလာရေး အခက်အခဲကြောင့် မန်စီးတီးထံ ပို့ခဲ့တာဖြစ်ပါတယ်။
ဗက်ဇ်ရဲ့ ပေါင် သန်း ၁၀၀ ကျော် တန်ကြေးရှိ အပြောင်းအရွှေ့ကိစ္စကို ကလပ်နှစ်သင်းကြား ညိနှိုင်းနေမှုဟာ ရက်အနည်းငယ် ထပ်ကြာပါဦးမယ်။
လီဗာပူးနဲ့ လေဗာကူဆင်ကြားမှာ ထပ်တိုးကြေး ဘယ်လိုပေးချေမလဲ ဆိုတာတွေကို အသေးစိတ် ညိနှိုင်းနေကြတာပါ။ လီဗာပူးဘက်ကတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် အောင်မြင်ရင် ပေးချေမယ့် ပမာဏတွေပါ ထည့်သွင်းထားပါတယ်။
ဆော်ဒီကလပ် Al Nassr အသင်းဟာ သူတို့ရဲ့ ရည်မှန်းချက်ကြီးတွေကို ပြသဖို့ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူလိုနေပါတယ်။ ဒီယက်ဇ်အတွက် ယူရို သန်း ၈၀-၁၀၀ ကြားရမယ်ဆိုရင် လီဗာပူးဘက်က လက်ခံ စဉ်းစားပေးမှာပါ။
ယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဟောင်း ပပ်လင်ဒါးဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်ထဲ ပါဝင်သွားဖို့ သဘောတူညီလိုက်ပါပြီ။
အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့တစ်ဦးဖြစ်သူ ဟိုက်တင်ဂါဟာ လာမယ့်ရာသီမှာ အေဂျက်အသင်း နည်းပြချုပ်ရာထူးကို လက်ခံဖို့ လီဗာပူးကနေ ထွက်ခွာပါမယ်။
ဒီနွေမှာ လီဗာပူးအသင်း ပထမဆုံး ရောင်းချမယ့် အကယ်ဒမီကစားသမားက လူငယ်တိုက်စစ်သမား မော်ရစ်ဆန်ဖြစ်လာဖွယ် ရှိနေပါတယ်။