

ချန်ပီယံလိဂ်အောင်မြင်ခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကတော့ ဒီရာသီ သူတို့အတွက် အခက်ခဲဆုံး ပြိုင်ဘက်တွေက လီဗာပူးနဲ့ အက်စတွန်ဗီလာလို့ ဖလားအောင်မြင်အပြီး ထုတ်ပြောသွားပါတယ်။
လာမယ့် ၃ ရက်အတွင်းမှာ လီဗာပူးနဲ့ လေဗာကူဆင်တို့ဟာ ဗစ်ရဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ် သဘောတူညီမှုရလိမ့်မယ်လို့ ဂျာမာန်သတင်းတွေက ဖော်ပြပါတယ်။
ကလပ်နှစ်သင်းဟာ စာချုပ်ဆိုင်ရာကိစ္စတွေကို ညိနှိုင်းမှု အကောင်းမြင်စရာ အနေအထားကို ရောက်နေပြီဖြစ်ကာ နှစ်သင်းလုံးကို စပွန်ဆာပေးထားတဲ့ adidas ဘက်က အခြေအနေ တိုးတက်မှုတွေရှိနေကြောင်း သိရှိထားပါတယ်။
နာမည်ကျော် The Times သတင်းထောက်တွေကတော့ ဗစ်ကို မိုဆာလာရဲ့ အသင်းဖော်ဆိုတဲ့ အသုံးအနှုန်းဖြင့်ပါ သတင်းတွေမှာ စတင်ရေးသားလာနေပါပြီ။
ဟိုက်တင်ဂါရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြတစ်ဦးကို လီဗာပူးဘက်က ရှာဖွေနေဆဲဖြစ်ပြီး ရေပန်းစားတဲ့ နာမည်စာရင်း ထွက်ပေါ်မလာသေးပါဘူး။
အာနယ် ဆလော့က ဗစ်ကို နံပါတ် ၁၀ နေရာ အပိုင်စားရမယ်လို့ အသိပေးထားပြီး ဒါဟာ ဆိုဘိုစလိုင်ကို နောက်ဆင်းကစားစေမယ့် သဘောမျိုးပဲဖြစ်ပါတယ်။
ကိုနတေးကို စာချုပ်သက်တမ်းတိုးဖို့ လီဗာပူးဘက်က ကြိုးစားနေဆဲဖြစ်ကာ ထွက်ပေါ်နေတဲ့ ကောလဟာလတွေက မမှန်ဘူးလို့ ခံစစ်မှူးက ဆိုပါတယ်။
လီဗာပူးအသင်းဟာ အယ်နာဆာအသင်းထံကနေ ဒီယက်ဇ်အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒီနွေမှာ တိုက်စစ်မှူး ဒီယက်ဇ်ကို ခေါ်ယူလိုတယ်ဆိုရင် ယူရို ၈၅ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။
စာချုပ် ၂ နှစ်ပဲကျန်တဲ့ ဒီယက်ဇ်အတွက် ဒီနွေမှာ ကမ်းလှမ်းမှု မရဘူးဆိုရင် သက်တမ်းတိုးဖို့ လီဗာပူးဘက်က ကြိုးစားပါမယ်။