

လီဗာပူးအသင်းဘက်က ပေါင် ၁၀၉ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းပေမယ့် လေဗာကူဆင်က ဗစ်အတွက် ပေါင် သန်း ၁၂၀ ဝန်းကျင် အလိုရှိနေတာဖြစ်ပါတယ်။
ဗစ်ကို ခေါ်ယူနိုင်ရေးအား ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ လီဗာပူးဟာ ဘုန်းမောက်မှ မီလိုစ့်ကာ့ဇ်အတွက် တရားဝင် ကမ်းလှမ်းမှု စတင်လာဖွယ် ရှိနေပါတယ်။
တိုက်စစ်မှူး ဒီယက်ဇ်ကို ဆော်ဒီကလပ် အယ်နာဆာက လိုချင်နေကာ ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်း ဝန်းကျင်ဖြင့် ချိတ်ဆက်ဖွယ် ရှိပါတယ်။ ဘာစီလိုနာကလည်း ဒီယက်ဇ်ကို လိုချင်ပေမယ့် ယူရို သန်း ၅၀ ထက် ပိုပေးနိုင်ဖွယ် မရှိပါဘူး။
အဲဗာတန်အသင်းဟာ လူငယ် တိုက်စစ်သမား ဗန်ဒုတ်ကို ခေါ်ယူလိုကြောင်း သိသာတဲ့ စိတ်ဝင်စားမှု ပြသနေပါတယ်။
အာနယ် ဆလော့ရဲ့ လက်ထောက် ရာထူးအတွက် သူ့ရဲ့ အဖွဲ့သားဟောင်းတွေ အပါအဝင် လီဗာပူးတိုက်စစ်သမားဟောင်း ဒတ်ကွပ်ကလည်း ရေပန်းစား ၃ ဦးထဲ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကစပြီး လီဗာပူးနဲ့ ကိုနတေးရဲ့ အေးဂျင့်တို့ဟာ စာချုပ်သစ်ကိစ္စ စကားပြောမှု စတင်ခဲ့ကြပါတယ်။
ခီယေဆာက အနာဂတ်မှာ သူ ဂျူဗင်တပ်ထံ ပြန်ရောက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နည်းပြမော်တာက သူ့ကို မလိုချင်တော့ချိန် လီဗာပူးက ခေါ်ယူခဲ့တာဖြစ်ပေမယ့် ခီယေဆာက စီးရီးအေကို ပြန်ရောက်နိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။
ဒီနွေမှာ ဒါဝင်ကို ရောင်းချခဲ့မယ်ဆိုရင် လီဗာပူးအသင်းဟာ တိုက်စစ်မှူးအတွက် စုစုပေါင်း ကုန်ကျငွေက ပေါင် ၇၂ သန်းထိပဲ ရောက်ရှိမှာဖြစ်ကာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးထိ ရောက်ရှိမှာ မဟုတ်ပါဘူး။
လေဗာကူဆင်ဟာ လီဗာပူးခံစစ်မှူး ကွမ်းဆက်ကို သဘောကျပေမယ့် ဟာဗေးကိုတော့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။