တိုးတက်မှုရှိနေတဲ့ ဗစ်ရဲ့ အပြောင်းအရွှေ့၊ ကလယ်ဟာ ထွက်ခွာခြင်း၊ မီလိုစ့်ကာဇ့် ခေါ်ယူရေး အခြေအနေနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးနဲ့ လေဗာကူဆင်ကြား ဗစ်ကိစ္စ ညိနှိုင်းမှုဟာ နောက်ဆုံးအဆင့်နားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဗစ်ကိုယ်တိုင်ကတော့ လီဗာပူးအသင်းရဲ့ ကျောနံပါတ် ၁၀ ကို သူတောင်းတယ်ဆိုတာ မှန်ကန်ခြင်း မရှိကြောင်းနဲ့ မာကာကို လေးစားမှုရှိပါတယ်လို့ ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ ဗစ်ကို ခေါ်ယူရေး ကစားသမား အလဲအထပ် ထည့်သွင်းမှာ မဟုတ်ဘဲ လေဗာကူဆင်က ကွမ်းဆက် ဒါမှမဟုတ် ဟာဗေးကို ခေါ်ယူခဲ့ရင်တောင် သီးခြား အပြောင်းအရွှေ့ကိစ္စပဲ ဖြစ်လာပါလိမ့်မယ်။

ဂိုးသမား ကလယ်ဟာကို ဘရန့်ဖိုဒ့်အသင်းထံ ပေါင် ၁၈ သန်းဖြင့် ရောင်းချခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ နံပါတ် ၂ သမားအသစ်က မာမာဒီရှီဗီလီဖြစ်လာပါမယ်။

ဗစ်ဟာ လီဗာပူးမှာတော့ ဘိုင်ယန်မြူးနစ်ကပေးမယ့် လုပ်ခထက် လျော့နည်းရရှိမှာဖြစ်ပါတယ်။

ဗစ်အပြင် လီဗာပူးဘက်က လိုင်ယွန်ကွင်းလယ်လူ ချက်ကီကိုလည်း စိတ်ဝင်စားမှု ရှိထားပါတယ်။ နည်းပြအာနယ် ဆလော့ဟာ ကစားသမားနဲ့ တွေ့ဆုံမှု လုပ်ခဲ့တယ်လို့ အသံထွက်နေပါတယ်။

ဒီယက်ဇ်ဟာ ဘာစီလိုနာထံ ပြောင်းလိုပေမယ့် ကမ်းလှမ်းမှု လုပ်ဖို့ တွန့်ဆုတ်နေတာမို့ ယူရို ၈၅ သန်းအထက်ဖြင့် ကမ်းလှမ်းမယ့် ဆော်ဒီကလပ် အယ်နာဆာထံပဲ ရောက်ရှိဖွယ် ရှိပါတယ်။

ဂရိဘယ်အစွန်လူ ကိုစတက်အတွက် ကမ်းလှမ်းမှုတွေကို လီဗာပူးအသင်း ရရှိဖွယ်ရှိနေကာ သူနဲ့ ရိုဘိုတို့ နှစ်ဦးထဲက တစ်ဦးကို မရောင်းချနိုင်သေးဘဲ ဘယ်ခြမ်းလူသစ် ခေါ်ယူနိုင်ဖွယ် မရှိပါဘူး။

ရာသီကြိုမှာ စီနီယာအသင်းနဲ့ ပူးပေါင်းမယ့် ဘာ့ဂျ်ဆဲတစ်ကို ခေါ်ယူဖို့ ကလပ်အချို့က စိတ်ဝင်စားနေပါတယ်။

ခီယေဆာဟာ ဒီနွေမှာ အေစီမီလန် ဒါမှမဟုတ် ဂျူဗင်တပ်ထံ ပြန်ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားဆဲဖြစ်ပါတယ်။