

မာဆေးဆိုဒ် သတင်းထောက်က ဂျာမနီနဲ့ ပေါ်တူဂီပွဲအပြီး ဗစ်ကို လီဗာပူးပြောင်းလာမလား မေးမြန်းခဲ့ရာ ဗစ်က ခေါင်းညိမ့်ပြသွားပါတယ်။
ကွင်းလယ်လူ ဟာဗေးဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာသွားမှာဖြစ်ကာ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားဖွယ် ရှိနေပါတယ်။
လီဗာပူးအသင်းမှာ ၁၃ နှစ်ကြာအောင် opposition analyst အဖြစ် အလုပ်လုပ်ခဲ့တဲ့ James French ဟာ ပပ်လင်ဒါးနဲ့အတူ မန်စီးတီးထံ ပူးပေါင်းမှာဖြစ်ပါတယ်။
ခံစစ်မှူး ကိုနတေးကတော့ ဘလွန်းဒီအောဆုအတွက် ကလပ်အသင်းဖော် ဆာလာထက်စာရင် ပြင်သစ်အသင်းဖော် ဒမ်ဘီလီက ရသင့်တယ်လို့ မြင်ပါတယ်။
တိုက်စစ်မှူး ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က နားထောင်ပေးမှာဖြစ်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမှ မဟုတ်ဘူးဆိုရင် စားပွဲဝိုင်းထိုင်မှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကာ စကားပြောမှု နောက်ဆုံးအဆင့်ထံ ရောက်ရှိနေပါပြီ။
ဘယ်အစွန်လူ ကာကက်ဇ်ကို ခေါ်ယူရေး ပုဂ္ဂိုလ်ရေးရ သဘောတူညီမှုရထားပေမယ့် ကလပ် ၂ သင်းကြားမှာ အခုချိန်ထိ သဘောတူညီမှု မရသေးပါဘူး။
နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရတာက အီဆက်ကိုကော လီဗာပူးအသင်းကိုပါ စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နံပါတ် ၉ သမားအသစ် ရလိုပေမယ့် အီဆက်ကို ချိတ်ဆက်ဖွယ် မရှိသေးပါဘူး။
ဒါဝင် နူးညက်စ်ဟာ ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ခွာမှာ သေချာနေပေမယ့် သူ့ ဘယ်ကိုရောက်မယ်ဆိုတာ မသိရသေးပါဘူး။
လီဗာပူးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီသား တိုက်စစ်မှူး လီယာအိုကို သဘောကျပေမယ့် ကမ်းလှမ်းမှုလုပ်ဖို့ရာ လက်တလော မစဉ်းစားသေးပါဘူး။