

ဗစ်ရဲ့ တွန်အားပေးမှုနဲ့အတူ လီဗာပူးနဲ့ လေဗာကူဆင်ကြား အပြောင်းအရွှေ့ စကားပြောမှုဟာ နောက်ဆုံးအဆင့် အချက်အလက်တွေထံ သွားနေပြီလို့ သိရပါတယ်။
လီဗာပူးအသင်းရဲ့ တတိယမြောက် ကမ်းလှမ်းမှုဟာ ပေါင် ၁၁၃ သန်း တန်ကြေးရှိပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ ထပ်တိုးကြေး ပေါင် ၁၃ သန်းပါဝင်ပါတယ်။
လေဗာကူဆင်ဘက်က ပေါင် ၁၂၆.၄ သန်း တန်ကြေးရှိ ယူရို သန်း ၁၅၀ ထိ ရလိုပေမယ့် လီဗာပူးဘက်က အဲ့လောက်ပမာဏ ပေးဖို့ အစီအစဉ် မရှိဘဲ ဒီတစ်ကြိမ် ကမ်းလှမ်းမှုဟာ အမြင့်ဆုံး ပမာဏဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်း ၁ နေရာအတွက် ဗစ်ကို အားဖြည့်ခြင်း မဟုတ်ဘဲ နည်းစနစ်ပိုင်း အပြောင်းအလဲမှာ ပင်မ သွေးကြောအဖြစ် တာဝန်ယူစေဖို့ကို ခေါ်ယူရေး အားထုတ်နေခြင်း ဖြစ်ပါတယ်။
လူငယ်အသင်းတွေရဲ့ စိတ်ပျက်စရာ ဘောလုံးရာသီတွေအပြီး ယူ-၂၁ နည်းပြ ဘယ်ရီ လွီတက်နဲ့ ယူ-၁၈ နည်းပြတို့ဟာ အသင်းကနေ ထွက်ခွာပြီဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ဂိုးသမားနေရာ သွေးသစ်လောင်းမှုဟာ မကြာခင် ပြီးမြောက်မှာဖြစ်ကာ အသက် ၂၀ အရွယ် ဂိုးသမားလေး Armin Pecsi ကို Puskas Akademia အသင်းထံကနေ ပေါင် ၁.၅ သန်းဖြင့် ခေါ်ယူသွားပါမယ်။
ကာကက်ဇ်ကို မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ပါ ရလိုပေမယ့် ကစားသမားကိုယ်တိုင်က လီဗာပူးထံ ပြောင်းဖို့ကိုပဲ စိတ်အားထက်သန်နေပါတယ်။
လီဗာပူးဘက်က ဒါဝင်နဲ့ ဒီယက်ဇ် ၂ ဦးပေါင်းအတွက် ပေါင် သန်း ၁၅၀ ရဖို့ မျှော်လင့်ထားပြီး ဒီယက်ဇ်ကို ဆက်ထိန်းခဲ့မယ်ဆိုရင်တောင် ဒါဝင်ကိုတော့ ရောင်းချနိုင်ရေး အားထုတ်မှာပါ။