

တိုက်စစ်မှူး ဂျိုတာဟာ ပေါ်တူဂီအသင်းနဲ့အတူ Nations League ဖလားကို အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးနဲ့ လေဗာကူဆင်တို့ဟာ ကွင်းလယ်လူ ဗစ်အတွက် စကားပြောမှု ဆက်လက် ပြုလုပ်မှာဖြစ်ကာ ဗြိတိန်ပေါင် ၁၁၈ သန်းနဲ့ ညီမျှတဲ့ ယူရို သန်း ၁၄၀ တန် ပြောင်းရွှေ့ကြေးဖြင့် သဘောတူညီမှု ယူနိုင်ဖွယ် ရှိပါတယ်။
နည်းပြအာနယ် ဆလော့ဟာ ဗစ်အပေါ် အခြေခံပြီး သူ့ရဲ့ စနစ်ကို တည်ဆောက်မှာ မဟုတ်ဘဲ သူပြောင်းလဲသွားမယ့် နည်းစနစ်မှာ ဗစ်က အံဝင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ကွင်းလယ်လူ ဟာဗေးက သူ့ရဲ့ တိုးတက်မှုအတွက် လီဗာပူးကနေ ထွက်ခွာလိုတဲ့ သဘောထား ပြသလာပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေက ဟာဗေးကို ခေါ်ယူလိုပေမယ့် ပေါင် သန်း ၃၀ ထက် ပိုမပေးလိုကြပါဘူး။
လီဗာပူးအသင်းဟာ ဒီနွေမှာ ဒါဝင်၊ ဒီယက်ဇ်တို့ ၂ ဦးအတွက် ပေါင် သန်း ၁၅၀ ထိ ရဖို့ မျှော်လင့်ထားပေမယ့် အခုချိန်ထိတော့ ကလပ်ရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီမယ့် ကမ်းလှမ်းမှု မရသေးပါဘူး။
ရစ်ချက်ဟုချ်ဟာ ဘုန်းမောက်ဘက်က ပေါင် ၄၅ သန်း စျေးခေါ်ထားတဲ့ ကာကက်ဇ်အတွက် အဆိုပါ ပမာဏထက် ပိုနည်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် စကားစပြောနေပါပြီ။
အေဂျက်နည်းပြ ဟိုက်တင်ဂါက လီဗာပူးအသင်းရဲ့ တတိယဦးစားပေးဂိုးသမား ဂျာရိုစ့်ကို ခေါ်ယူလိုနေပါတယ်။
ဂက်ပိုကတော့ ဘိုင်ယန်မြူးနစ်နဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ငြင်းဆန်လိုက်ပြီး အေဂျင့်ဘက်က တခုခုကြားထားတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူကတော့ ဘာမှ မကြားရသေးဘူးလို့ ပြောပါတယ်။
မာကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလုံးမှာ အသေးစားဒဏ်ရာနဲ့ ဘောလုံးကစားခဲ့ရသူဖြစ်ကာ ရာသီသိမ်းပွဲအပြင် အာဂျင်တီးနားပွဲတွေမှာ မပါဝင်ရခြင်းဟာ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။